ဆားျပင္ (တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္

ဆားျပင္ (တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္
===================
ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ၊ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဌာန၏ ၂၀၁၈ ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ (၆) ၊ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ မ်ားကိုက်င့္သုံးလ်က္ ရခိုင္ျပည္နယ္ ေတာင္ကုတ္ခ႐ိုင္ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ဧရိယာအက်ယ္အဝန္း ၁၀၅,၈၁၅ ဧကရွိေသာ နယ္ေျမကို ဆားျပင္(တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ အမိန႔္ေၾကာ္ျငာစာအမွတ္ (၈/၂၀၂၆) အရ ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္မွစ၍ သတ္မွတ္လိုက္ေၾကာင္း သိရသည္။

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနသည္ ေရေျမထိန္းသိမ္းကာကြယ္ရန္၊ သဘာဝ ဝန္းက်င္ႏွင့္ ဇီဝမ်ိဳးမ်ားထိန္းသိမ္းကာကြယ္ရန္၊ ရခိုင္ျပည္နယ္အတြင္းရွိ သဘာဝေတာက်န္မ်ားအား ထိန္းသိမ္းျခင္း ေၾကာင့္ သစ္ေတာဖုံးလႊမ္းမႈတိုးတက္ေစရန္၊ သစ္ေတာဖုံးလႊမ္းလ်က္ရွိသည့္ ေျမလြတ္ေျမ႐ိုင္းမ်ားအား ထိန္းသိမ္း ကာကြယ္ရန္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ရန္ရည္႐ြယ္ကာ ႀကိဳးျပင္ကာကြယ္ ေတာမ်ား သတ္မွတ္ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း သိရသည္။

ဆားျပင္(တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာသတ္မွတ္ျခင္းျဖင့္ အၿမဲစိမ္းေတာႏွင့္႐ြက္ျပတ္ ေရာေႏွာေတာ အမ်ိဳးအစားျဖစ္တဲ့ ပ်ဥ္းကတိုး၊ သကၤန္း၊ ကညင္၊ ကေညာင္း၊ စံကားဝါ၊ သဂၤဒူ၊ ေတာင္ပိႏၷဲ၊ ေတာင္သရက္၊ သေျပ၊ ၾကက္႐ိုး၊ ေမ်ာက္ငို၊ ဘဂၤ၊ စစ္ စသည့္ ေဒသသစ္မ်ိဳးမ်ားႏွင့္ ကရင္ဝါး၊ မေဒးဝါး၊ တရဂူဝါးမ်ားအျပင္ နဘက္ႀကိမ္၊ ၾကက္ဥႀကိမ္မ်ားအား ထိန္းသိမ္းျပဳစုႏိုင္မည္ျဖစ္ျခင္း၊ ေျပာင္၊ ဆတ္၊ ေခ်၊ ေတာင္ဆိတ္၊ ေတာဝက္၊ ဝက္ဝံ၊ က်ားသစ္၊ ေတာေၾကာင္၊ စပါးႀကီးေႁမြ၊ ေမ်ာက္၊ ေမ်ာက္လႊဲေက်ာ္၊ ကုန္းလိပ္၊ ရခိုင္ေတာင္လိပ္ စသည့္ ရွားပါးေတာ႐ိုင္း တိရစာၦန္မ်ား၏ ေနထိုင္က်က္စားရာေဒသမ်ားကို ထိန္းသိမ္းကာကြယ္ႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

ဒါ့အျပင္ ေျမဆီလႊာတိုက္စားမႈ ေလ်ာ့နည္းေစျခင္းႏွင့္ ေျမေအာက္ေရထိန္းသိမ္းေရးလုပ္ငန္းမ်ားအတြက္ အေထာက္အကူျဖစ္ေစျခင္း၊ သဘာဝေဘးအႏၲရာယ္မ်ားမွ တားဆီးကာကြယ္ေစႏိုင္ျခင္း၊ သစ္ေတာဖုံးလႊမ္းမႈ တိုးတက္လာၿပီး ရာသီဥတုပိုမိုတိုးတက္ေကာင္းမြန္ မွ်တလာႏိုင္ေစျခင္း စတဲ့အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မွာ ျဖစ္ ေၾကာင္း သိရသည္။


ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်
===================
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆) ၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် များကိုကျင့်သုံးလျက် ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၁၀၅,၈၁၅ ဧကရှိသော နယ်မြေကို ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၆) အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ သတ်မှတ်လိုက်ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေမြေထိန်းသိမ်းကာကွယ်ရန်၊ သဘာဝ ဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်း ကြောင့် သစ်တောဖုံးလွှမ်းမှုတိုးတက်စေရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိသည့် မြေလွတ်မြေရိုင်းများအား ထိန်းသိမ်း ကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်ကာ ကြိုးပြင်ကာကွယ် တောများ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အမြဲစိမ်းတောနှင့်ရွက်ပြတ် ရောနှောတော အမျိုးအစားဖြစ်တဲ့ ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စံကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ် စသည့် ဒေသသစ်မျိုးများနှင့် ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ်များအား ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ခြင်း၊ ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ဝံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ် စသည့် ရှားပါးတောရိုင်း တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် မြေဆီလွှာတိုက်စားမှု လျော့နည်းစေခြင်းနှင့် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတုပိုမိုတိုးတက်ကောင်းမွန် မျှတလာနိုင်စေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ် ကြောင်း သိရသည်။