႐ုရွားႏွင့္ ဗင္နီဇြဲလား ေရနံမ်ားဝယ္ယူသည့္ရပ္တည္ခ်က္ ေျပာင္းလဲမႈမရွိေၾကာင္း အိႏၵိယ ထပ္ေလာင္းေျပာ

႐ုရွားႏွင့္ ဗင္နီဇြဲလား ေရနံမ်ားဝယ္ယူသည့္ရပ္တည္ခ်က္ ေျပာင္းလဲမႈမရွိေၾကာင္း အိႏၵိယ ထပ္ေလာင္းေျပာ
===================================
အိႏၵိယ၏ ေရနံဝယ္ယူမႈမူဝါဒသည္ အမ်ိဳးသားအက်ိဳးစီးပြားအား ဦးတည္ခ်က္အျဖစ္ အစဥ္အၿမဲထားရွိ ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Randhir Jaiswal က အိႏၵိယက ႐ုရွားႏွင့္ ဗင္နီဇြဲလား ေရနံမ်ား ဝယ္ယူမႈႏွင့္စပ္လ်ဥ္း၍ သတင္းေထာက္ေမးျမန္းမႈကို ေျဖၾကားရာ၌ ထပ္ေလာင္းေျပာၾကားခဲ့သည္ဟု အိႏၵိယမီဒီယာမ်ားက ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန အတြင္းဝန္ Vikram Misri သည္ ထိုမတိုင္မီကလည္း အိႏၵိယ၏ ေရနံဝယ္ယူမႈ ရပ္တည္ခ်က္ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားခဲ့ၿပီးျဖစ္ရာ ထိုရပ္တည္ခ်က္သည္ ေျပာင္းလဲမႈမရွိေၾကာင္း၊ အိႏၵိယအေနျဖင့္ စီးပြားေရးလုပ္ငန္းအေျခအေနအရ ခြင့္ျပဳသည့္အေျခအေနေအာက္တြင္ ဗင္နီဇြဲလားမွ ေရနံ ဝယ္ယူရန္ စူးစမ္းေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Randhir Jaiswalက ေျပာၾကားခဲ့သည္။

Vikram Misri ေဖေဖာ္ဝါရီလ ၉ ရက္တြင္ သက္ဆိုင္ရာေမးျမန္းမႈအား ေျဖၾကားရာ၌ အိႏၵိယ၏ စြမ္းအင္ မူဝါဒသည္ လုံေလာက္ေသာေထာက္ပံ့မႈ၊ ေဈးႏႈန္းသင့္ေလ်ာ္မႈ၊ အရင္းအျမစ္တည္ၿငိမ္မႈ စသည့္ အေျခခံမူမ်ားအား အစဥ္အၿမဲ လိုက္နာလ်က္ရွိေၾကာင္း၊ အိႏၵိယသည္ အမ်ိဳးသားအက်ိဳးစီးပြားအား ဦးတည္ခ်က္အျဖစ္ထားရွိကာ စြမ္းအင္ပံ့ပိုးမႈ က႑စုံလင္ျခင္းအား ႀကိဳးပမ္းေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု ထိုမတိုင္မီ အိႏၵိယမီဒီယာမ်ား၏ သတင္းေဖာ္ျပခ်က္အရ သိရသည္။
အေမရိကန္သမၼတ ထရမ့္ က ေဖေဖာ္ဝါရီလ ၂ ရက္တြင္ လူမႈမီဒီယာ၌ ပို႔စ္တင္၍ ၎သည္ ထိုေန႔တြင္ အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီ ႏွင့္ ဖုန္းျဖင့္ဆက္သြယ္ေဆြးေႏြးခဲ့ၿပီး မိုဒီက အိႏၵိယအေနျဖင့္ ႐ုရွားေရနံမ်ားဝယ္ယူျခင္းကို ရပ္တန႔္ရန္သေဘာတူေၾကာင္း၊ အေမရိကန္က အိႏၵိယကုန္ပစၥည္းမ်ားအေပၚ ေကာက္ခံသည့္အခြန္ႏႈန္းထားကို ၂၅ ရာခိုင္ႏႈန္းမွ ၁၈ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း ဆိုခဲ့သည္။ မိုဒီ ကလည္း ထိုေန႔တြင္ အေမရိကန္က အိႏၵိယအေပၚ စည္းၾကပ္ခြန္မ်ား ေလွ်ာ့ခ်သြားမည္ကို အတည္ျပဳခဲ့သည္။


ရုရှားနှင့် ဗင်နီဇွဲလား ရေနံများဝယ်ယူသည့်ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်း အိန္ဒိယ ထပ်လောင်းပြော
===================================
အိန္ဒိယ၏ ရေနံဝယ်ယူမှုမူဝါဒသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ် အစဉ်အမြဲထားရှိ ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Randhir Jaiswal က အိန္ဒိယက ရုရှားနှင့် ဗင်နီဇွဲလား ရေနံများ ဝယ်ယူမှုနှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ထပ်လောင်းပြောကြားခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖေဖော်ဝါရီလ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri သည် ထိုမတိုင်မီကလည်း အိန္ဒိယ၏ ရေနံဝယ်ယူမှု ရပ်တည်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ရာ ထိုရပ်တည်ချက်သည် ပြောင်းလဲမှုမရှိကြောင်း၊ အိန္ဒိယအနေဖြင့် စီးပွားရေးလုပ်ငန်းအခြေအနေအရ ခွင့်ပြုသည့်အခြေအနေအောက်တွင် ဗင်နီဇွဲလားမှ ရေနံ ဝယ်ယူရန် စူးစမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း Randhir Jaiswalက ပြောကြားခဲ့သည်။

Vikram Misri ဖေဖော်ဝါရီလ ၉ ရက်တွင် သက်ဆိုင်ရာမေးမြန်းမှုအား ဖြေကြားရာ၌ အိန္ဒိယ၏ စွမ်းအင် မူဝါဒသည် လုံလောက်သောထောက်ပံ့မှု၊ ဈေးနှုန်းသင့်လျော်မှု၊ အရင်းအမြစ်တည်ငြိမ်မှု စသည့် အခြေခံမူများအား အစဉ်အမြဲ လိုက်နာလျက်ရှိကြောင်း၊ အိန္ဒိယသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ်ထားရှိကာ စွမ်းအင်ပံ့ပိုးမှု ကဏ္ဍစုံလင်ခြင်းအား ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုမတိုင်မီ အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မတ ထရမ့် က ဖေဖော်ဝါရီလ ၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် ထိုနေ့တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး မိုဒီက အိန္ဒိယအနေဖြင့် ရုရှားရေနံများဝယ်ယူခြင်းကို ရပ်တန့်ရန်သဘောတူကြောင်း၊ အမေရိကန်က အိန္ဒိယကုန်ပစ္စည်းများအပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ မိုဒီ ကလည်း ထိုနေ့တွင် အမေရိကန်က အိန္ဒိယအပေါ် စည်းကြပ်ခွန်များ လျှော့ချသွားမည်ကို အတည်ပြုခဲ့သည်။