ျမန္မာ့လက္ဖက္ခင္းပုံ (၂၀၀)က်ပ္တန္ အထူးထုတ္စာပို႔ တံဆိပ္ေခါင္းသစ္တစ္မ်ိဳး ေရာင္းခ်ေပးသြားမည္

ျမန္မာ့လက္ဖက္ခင္းပုံ (၂၀၀)က်ပ္တန္ အထူးထုတ္စာပို႔ တံဆိပ္ေခါင္းသစ္တစ္မ်ိဳး ေရာင္းခ်ေပးသြားမည္
=======================
ေဖေဖာ္ဝါရီ ၂၄
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဌာန ျမန္မာ့စာတိုက္လုပ္ငန္းမွ ျမန္မာ ႏိုင္ငံတြင္ စိုက္ပ်ိဳးထုတ္လုပ္သည့္ ျမန္မာ့ လက္ဖက္ကို ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာ့ လက္ဖက္ခင္းပုံ(၂၀၀ က်ပ္တန္) အထူးထုတ္ စာပို႔တံဆိပ္ေခါင္းသစ္ တစ္မ်ိဳးအား ေဖေဖာ္ဝါရီလ (၂၆)ရက္၊ ျမန္မာသကၠရာဇ္ ၁၃၈၇ ခုႏွစ္၊ တေပါင္းလဆန္း (၁၁)ရက္ (ၾကာသပေတး ေန႔) နံနက္ ၉ နာရီခြဲမွ စတင္၍ ေနျပည္ေတာ္ ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္စာတိုက္ႀကီး၊ မႏၲေလးစာတိုက္ႀကီးတို႔ႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ စာတိုက္ႀကီးမ်ားတြင္ တစ္ၿပိဳင္တည္းေရာင္းခ် ေပးသြားမည္ျဖစ္သည္။
အထူးအစီအစဥ္ တစ္ရပ္အေနျဖင့္ ေနျပည္ေတာ္ ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္စာတိုက္ႀကီးႏွင့္ မႏၲေလးစာတိုက္ႀကီးတို႔တြင္ ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၆)ရက္(ၾကာသပေတးေန႔)တြင္ ဝယ္ယူေသာ စာပို႔တံဆိပ္ေခါင္းမ်ားႏွင့္ ပထမေန႔စာအိတ္ (Firstday Cover) မ်ားေပၚတြင္ ေန႔စြဲအမွတ္အသား တံဆိပ္႐ိုက္ႏွိပ္ ေပးသြားမည္ျဖစ္သည္။
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀)ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးသွားမည်
=======================
ဖေဖော်ဝါရီ ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ လက်ဖက်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ လက်ဖက်ခင်းပုံ(၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ဖေဖော်ဝါရီလ (၂၆)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း (၁၁)ရက် (ကြာသပတေး နေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချ ပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်(ကြာသပတေးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးသွားမည်ဖြစ်သည်။




