ေမဝယ္သာ နဲ႔ ပတ္ကြီအို မေက်ပြဲ ျပန္ထိုးမည္

ေမဝယ္သာ နဲ႔ ပတ္ကြီအို မေက်ပြဲ ျပန္ထိုးမည္
=====================
ကမာၻ႔လက္ေဝွ႔ေလာကရဲ႕ အေက်ာ္အေမာ္ေတြျဖစ္ၾကတဲ့ မန္နီ ပတ္ကြီအိုနဲ႔ ဖလြိဳက္ ေမဝယ္သာတို႔ဟာ လာမယ့္ စက္တင္ဘာ ၁၉ ရက္၊ စေနေန႔မွာ အေမရိကန္ႏိုင္ငံ လာ့စ္ေဗးဂတ္စ္ၿမိဳ႕က Sphere အားကစား႐ုံမွာ ပေရာ္ဖက္ရွင္နယ္ စိန္ေခၚပြဲအျဖစ္ ျပန္လည္ထိုးသတ္ဖို႔ သေဘာတူညီလိုက္ၾကပါၿပီျဖစ္ပါတယ္။
ဒီႏွစ္ေယာက္ဟာ ၂၀၁၅ ခုႏွစ္တုန္းက ရာစုႏွစ္ရဲ႕ အေကာင္းဆုံးပြဲစဥ္အျဖစ္ တစ္ႀကိမ္ဆုံခဲ့ဖူးၿပီး အဲ့ဒီတုန္းက ေမဝယ္သာက အမွတ္နဲ႔ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။
လက္ေဝွ႔သတင္းေထာက္ေတြကေတာ့ ဒီပြဲဟာ အရင္တုန္းကေလာက္ ဇြဲနပဲေကာင္းမွာ မဟုတ္ေပမဲ့ ေမဝယ္သာရဲ႕ ပြဲ ၅၀ ရႈံးပြဲမရွိမွတ္တမ္းကို ပတ္ကြီအို ဖ်က္ဆီးႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပဲလို႔ သုံးသပ္ေနၾကပါတယ္။ ဘယ္ႏွခ်ီထိုးမလဲ၊ ဘယ္ဝိတ္တန္းနဲ႔ ထိုးမလဲဆိုတာကိုေတာ့ ေနာက္အပတ္ေတြမွာ ထပ္မံေၾကညာသြားမယ္လို႔ သိရပါတယ္။
မေဝယ်သာ နဲ့ ပတ်ကွီအို မကျေပွဲ ပြန်ထိုးမည်
=====================
ကမ္ဘာ့လက်ဝှေ့လောကရဲ့ အကျော်အမော်တွေဖြစ်ကြတဲ့ မန်နီ ပတ်ကွီအိုနဲ့ ဖလွိုက် မေဝယ်သာတို့ဟာ လာမယ့် စက်တင်ဘာ ၁၉ ရက်၊ စနေနေ့မှာ အမေရိကန်နိုင်ငံ လာ့စ်ဗေးဂတ်စ်မြို့က Sphere အားကစားရုံမှာ ပရော်ဖက်ရှင်နယ် စိန်ခေါ်ပွဲအဖြစ် ပြန်လည်ထိုးသတ်ဖို့ သဘောတူညီလိုက်ကြပါပြီဖြစ်ပါတယ်။
ဒီနှစ်ယောက်ဟာ ၂၀၁၅ ခုနှစ်တုန်းက ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲစဉ်အဖြစ် တစ်ကြိမ်ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက မေဝယ်သာက အမှတ်နဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
လက်ဝှေ့သတင်းထောက်တွေကတော့ ဒီပွဲဟာ အရင်တုန်းကလောက် ဇွဲနပဲကောင်းမှာ မဟုတ်ပေမဲ့ မေဝယ်သာရဲ့ ပွဲ ၅၀ ရှုံးပွဲမရှိမှတ်တမ်းကို ပတ်ကွီအို ဖျက်ဆီးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲလို့ သုံးသပ်နေကြပါတယ်။ ဘယ်နှချီထိုးမလဲ၊ ဘယ်ဝိတ်တန်းနဲ့ ထိုးမလဲဆိုတာကိုတော့ နောက်အပတ်တွေမှာ ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။




