ယူကရိန္းသို႔ လက္နက္မ်ားေထာက္ပံ့ပါက ေတာင္ကိုရီးယားကို လက္တုံ႔ျပန္မည္ဟု ႐ုရွားသတိေပး

ယူကရိန္းသို႔ လက္နက္မ်ားေထာက္ပံ့ပါက ေတာင္ကိုရီးယားကို လက္တုံ႔ျပန္မည္ဟု ႐ုရွားသတိေပး
========================
ယူကရိန္းသို႔ အေမရိကန္ထုတ္ စစ္လက္နက္မ်ား ဝယ္ယူေထာက္ပံ့ေပးမည့္ NATO တပ္ဖြဲ႕၏ အစီအစဥ္တြင္ ေတာင္ကိုရီးယားႏိုင္ငံ ပါဝင္လာပါက ျပင္းထန္ေသာ တုံ႔ျပန္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံက သတိေပးလိုက္သည္။
ေတာင္ကိုရီးယားအေနျဖင့္ PURL ဟုေခၚေသာ ယူကရိန္းအတြက္လက္နက္ဝယ္ယူေရး အစီအစဥ္တြင္ ပါဝင္ရန္ စဥ္းစားေနသည္ဟူသည့္ သတင္းမ်ားကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက တုံ႔ျပန္ျခင္းျဖစ္သည္။ ယခုကဲ့သို႔ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ပါဝင္ပတ္သက္ျခင္းသည္ ႐ုရွားႏွင့္ ေတာင္ကိုရီးယား ဆက္ဆံေရးကို ျပဳျပင္၍မရႏိုင္ေသာပ်က္စီးမႈ ျဖစ္ေပၚေစမည္ျဖစ္ၿပီး ကိုရီးယားကြၽန္းဆြယ္၏ တည္ၿငိမ္ေရးကိုလည္း ထိခိုက္ေစႏိုင္ေၾကာင္း ၎က ဆိုသည္။
႐ုရွားအေနျဖင့္ အခ်ိဳးမညီေသာ လက္တုံ႔ျပန္မႈမ်ားအပါအဝင္ လိုအပ္သလို အေရးယူမႈမ်ားျပဳလုပ္ရန္ အခြင့္အေရးရွိေၾကာင္းႏွင့္ ေတာင္ကိုရီးယားႏိုင္ငံ၏ လက္နက္မေထာက္ပံ့ေရးမူဝါဒအေပၚ ႐ုရွားႏိုင္ငံက ယခင္ကတည္းက တန္ဖိုးထားခဲ့ေၾကာင္း ဇာခါ႐ိုဗာက အေလးေပးေျပာသည္။ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနကမူ ယူကရိန္းအား ကူညီေပးႏိုင္မည့္ နည္းလမ္းမ်ားအတြက္ NATO တပ္ဖြဲ႕ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေနေၾကာင္း မၾကာေသးမီက အတည္ျပဳထားသည္။
Ref: RT
ယူကရိန်းသို့ လက်နက်များထောက်ပံ့ပါက တောင်ကိုရီးယားကို လက်တုံ့ပြန်မည်ဟု ရုရှားသတိပေး
========================
ယူကရိန်းသို့ အမေရိကန်ထုတ် စစ်လက်နက်များ ဝယ်ယူထောက်ပံ့ပေးမည့် NATO တပ်ဖွဲ့၏ အစီအစဉ်တွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာပါက ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံက သတိပေးလိုက်သည်။
တောင်ကိုရီးယားအနေဖြင့် PURL ဟုခေါ်သော ယူကရိန်းအတွက်လက်နက်ဝယ်ယူရေး အစီအစဉ်တွင် ပါဝင်ရန် စဉ်းစားနေသည်ဟူသည့် သတင်းများကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက တုံ့ပြန်ခြင်းဖြစ်သည်။ ယခုကဲ့သို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ခြင်းသည် ရုရှားနှင့် တောင်ကိုရီးယား ဆက်ဆံရေးကို ပြုပြင်၍မရနိုင်သောပျက်စီးမှု ဖြစ်ပေါ်စေမည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၏ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း ၎င်းက ဆိုသည်။
ရုရှားအနေဖြင့် အချိုးမညီသော လက်တုံ့ပြန်မှုများအပါအဝင် လိုအပ်သလို အရေးယူမှုများပြုလုပ်ရန် အခွင့်အရေးရှိကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ၏ လက်နက်မထောက်ပံ့ရေးမူဝါဒအပေါ် ရုရှားနိုင်ငံက ယခင်ကတည်းက တန်ဖိုးထားခဲ့ကြောင်း ဇာခါရိုဗာက အလေးပေးပြောသည်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယူကရိန်းအား ကူညီပေးနိုင်မည့် နည်းလမ်းများအတွက် NATO တပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း မကြာသေးမီက အတည်ပြုထားသည်။
Ref: RT




