အီရန္က န်ဴကလီးယားသေဘာတူညီခ်က္ မူၾကမ္းကို မၾကာမီတင္ျပမည္

အီရန္က န်ဴကလီးယားသေဘာတူညီခ်က္ မူၾကမ္းကို မၾကာမီတင္ျပမည္
==========================
ေဖေဖာ္ဝါရီ ၂၂

အီရန္ႏိုင္ငံအေနျဖင့္ အေမရိကန္ျပည္ေထာင္စုႏွင့္ ခ်ဳပ္ဆိုႏိုင္မည့္ န်ဴကလီးယားသေဘာတူညီခ်က္ မူၾကမ္းကို လာမည့္ရက္ပိုင္းအတြင္း တင္ျပရန္ျပင္ဆင္ေနေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္အာရက္ခီ က ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ေျပာထားသည္။

အဆိုပါ သေဘာတူညီခ်က္မူၾကမ္းသည္ လာမည့္ႏွစ္ရက္ သို႔မဟုတ္ သုံးရက္အတြင္း အဆင္သင့္ျဖစ္မည္ ျဖစ္ၿပီး အထက္အႀကီးအကဲမ်ား၏ အတည္ျပဳခ်က္ရရွိပါက အေမရိကန္အထူးကိုယ္စားလွယ္ စတိဝစ္ေကာ့ ထံသို႔ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ဂ်ီနီဗာၿမိဳ႕၌ျပဳလုပ္ေသာ တစ္ဆင့္ခံေဆြးေႏြးမႈမ်ားအၿပီးတြင္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုလာျခင္းျဖစ္သည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က အီရန္ႏိုင္ငံအေနျဖင့္ ၁၀ ရက္မွ ၁၅ ရက္ အတြင္း သေဘာတူညီခ်က္တစ္ရပ္ရရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ထိုသို႔မျဖစ္လာပါက ဆိုး႐ြားေသာအက်ိဳး ဆက္မ်ားႏွင့္ ရင္ဆိုင္ရမည္ဟု သတိေပးထားခ်ိန္တြင္ အီရန္အစိုးရ၏ ယခုလႈပ္ရွားမႈ ေပၚေပါက္လာျခင္းျဖစ္သည္။

အီရန္အေနျဖင့္ ယူေရနီယံသန႔္စင္မႈကို လုံးဝရပ္ဆိုင္းရန္ ကမ္းလွမ္းထားျခင္းမရွိသကဲ့သို႔ အေမရိကန္ ဘက္ကလည္း ထိုသို႔ေတာင္းဆိုထားျခင္းမရွိေၾကာင္း အာရက္ခီ ကေျပာသည္။


အီရန်က နျူကလီးယားသဘောတူညီချက် မူကြမ်းကို မကြာမီတင်ပြမည်
==========================
ဖေဖော်ဝါရီ ၂၂

အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုနိုင်မည့် နျူကလီးယားသဘောတူညီချက် မူကြမ်းကို လာမည့်ရက်ပိုင်းအတွင်း တင်ပြရန်ပြင်ဆင်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ခီ က ဖေဖော်ဝါရီလ ၂၁ ရက်တွင်ပြောထားသည်။

အဆိုပါ သဘောတူညီချက်မူကြမ်းသည် လာမည့်နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း အဆင်သင့်ဖြစ်မည် ဖြစ်ပြီး အထက်အကြီးအကဲများ၏ အတည်ပြုချက်ရရှိပါက အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ ထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျီနီဗာမြို့၌ပြုလုပ်သော တစ်ဆင့်ခံဆွေးနွေးမှုများအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအနေဖြင့် ၁၀ ရက်မှ ၁၅ ရက် အတွင်း သဘောတူညီချက်တစ်ရပ်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့မဖြစ်လာပါက ဆိုးရွားသောအကျိုး ဆက်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားချိန်တွင် အီရန်အစိုးရ၏ ယခုလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှုကို လုံးဝရပ်ဆိုင်းရန် ကမ်းလှမ်းထားခြင်းမရှိသကဲ့သို့ အမေရိကန် ဘက်ကလည်း ထိုသို့တောင်းဆိုထားခြင်းမရှိကြောင်း အာရက်ခီ ကပြောသည်။