ပါကစၥတန္က နယ္စပ္ေဒသမ်ားကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ေၾကာင္း အာဖဂန္နစၥတန္အတည္ျပဳ

ပါကစၥတန္က နယ္စပ္ေဒသမ်ားကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ေၾကာင္း အာဖဂန္နစၥတန္အတည္ျပဳ
======================
အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္းႏွင့္ အေရွ႕ေတာင္ပိုင္းရွိ နယ္စပ္ေဒသမ်ားကို ပါကစၥတန္ေလတပ္က ေဖေဖာ္ဝါရီလ ၂၂ ရက္အေစာပိုင္းတြင္ ေလေၾကာင္းမွ တိုက္ခိုက္ရာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအပါအဝင္ လူမ်ားစြာ ေသဆုံးဒဏ္ရာ ရရွိေၾကာင္း အာဖဂန္အစိုးရက အတည္ျပဳေျပာသည္။
ပါကစၥတန္တပ္မေတာ္သည္ နန္ဂါဟာႏွင့္ပက္တီကာျပည္နယ္တို႔ရွိ အရပ္သားမ်ားေနထိုင္ရာေဒသမ်ားႏွင့္ ဘာသာေရး အေဆာက္အအုံမ်ားကို ဗုံးႀကဲတိုက္ခိုက္ျခင္းျဖစ္ၿပီး ယင္းတိုက္ခိုက္မႈသည္ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ ႏိုင္ငံတကာဥပေဒမ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း အာဖဂန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။
အာဖဂန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူကလည္း ပါကစၥတန္သည္ ၎တို႔ႏိုင္ငံအတြင္းရွိ လုံၿခဳံေရးအားနည္းခ်က္မ်ားကို ဖုံးကြယ္ရန္ ယခုကဲ့သို႔ ရာဇဝတ္မႈမ်ားကို က်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း ဆိုသည္။
ပါကစၥတန္အစိုးရကမူ ႏိုင္ငံအတြင္း ျဖစ္ပြားေသာ အေသခံဗုံးခြဲမႈမ်ားအတြက္ လက္တုံ႔ျပန္သည့္အေနျဖင့္ နယ္စပ္တစ္ေလွ်ာက္ရွိ စစ္ေသြးႂကြစခန္း ၇ ခုကို ပစ္မွတ္ထားတိုက္ခိုက္ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ဟု သိရသည္။
Ref: Xinhua
ပါကစ္စတန်က နယ်စပ်ဒေသများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်နစ္စတန်အတည်ပြု
======================
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ နယ်စပ်ဒေသများကို ပါကစ္စတန်လေတပ်က ဖေဖော်ဝါရီလ ၂၂ ရက်အစောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ရာ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူများစွာ သေဆုံးဒဏ်ရာ ရရှိကြောင်း အာဖဂန်အစိုးရက အတည်ပြုပြောသည်။
ပါကစ္စတန်တပ်မတော်သည် နန်ဂါဟာနှင့်ပက်တီကာပြည်နယ်တို့ရှိ အရပ်သားများနေထိုင်ရာဒေသများနှင့် ဘာသာရေး အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း ပါကစ္စတန်သည် ၎င်းတို့နိုင်ငံအတွင်းရှိ လုံခြုံရေးအားနည်းချက်များကို ဖုံးကွယ်ရန် ယခုကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဆိုသည်။
ပါကစ္စတန်အစိုးရကမူ နိုင်ငံအတွင်း ဖြစ်ပွားသော အသေခံဗုံးခွဲမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နယ်စပ်တစ်လျှောက်ရှိ စစ်သွေးကြွစခန်း ၇ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။
Ref: Xinhua




