ဂ်ပန္ဖိုက္တာ တိုင္ရာ နဲ႔ ခ်န္ပီယံခါးပတ္ကာကြယ္ပြဲ ထိုးသတ္မယ့္ ဗန္

ဂ်ပန္ဖိုက္တာ တိုင္ရာ နဲ႔ ခ်န္ပီယံခါးပတ္ကာကြယ္ပြဲ ထိုးသတ္မယ့္ ဗန္
=======================
ျမန္မာႏြယ္ဖြား flyweight ခ်န္ပီယံ ေဂ်ာ့ရႈဝါ ဗန္ဟာ သူ႔ရဲ႕ခ်န္ပီယံခါးပတ္ကို ကာကြယ္ရမယ့္ပြဲကို လာမယ့္ ဧၿပီလမွာ ဂ်ပန္ႏြယ္ဖြား ဖိုက္တာ တာဆု႐ို တိုင္ရာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ ဒီပြဲဟာ UFC သမိုင္းမွာ အာရွႏြယ္ဖြား ဖိုက္တာ ၂ ဦးရဲ႕ ပထမဆုံး ခါးပတ္လုပြဲ ျဖစ္လာမွာျဖစ္ပါတယ္။ ဒီပြဲကို အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မိုင္ယာမီၿမိဳ႕မွာ ဧၿပီလ ၁၂ ရက္မွာ က်င္းပမယ္လို႔ UFC က တရားဝင္ေၾကညာထားပါတယ္။


ဂျပန်ဖိုက်တာ တိုင်ရာ နဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မယ့် ဗန်
=======================
မြန်မာနွယ်ဖွား flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်ဟာ သူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့်ပွဲကို လာမယ့် ဧပြီလမှာ ဂျပန်နွယ်ဖွား ဖိုက်တာ တာဆုရို တိုင်ရာနဲ့ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီပွဲဟာ UFC သမိုင်းမှာ အာရှနွယ်ဖွား ဖိုက်တာ ၂ ဦးရဲ့ ပထမဆုံး ခါးပတ်လုပွဲ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဧပြီလ ၁၂ ရက်မှာ ကျင်းပမယ်လို့ UFC က တရားဝင်ကြေညာထားပါတယ်။