ကစားသမားဘ၀ ဂိုး ၅၀၀ ျပည့္ ဟာရီကိန္းကို ဘိုင္ယန္အသင္း ဂုဏ္ျပဳ

ကစားသမားဘ၀ ဂိုး ၅၀၀ ျပည့္ ဟာရီကိန္းကို ဘိုင္ယန္အသင္း ဂုဏ္ျပဳ
==========================
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့တဲ့အပတ္က ဝါဒါဘရီမင္နဲ႔ပြဲမွာ ကစားသမားဘ၀ ဂိုး ၅၀၀ ျပည့္ခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းကို ဖရန႔္ဖတ္နဲ႔ ပြဲမစခင္ ဂုဏ္ျပဳပြဲ ျပဳလုပ္ေပးခဲ့ပါတယ္။
ဟာရီကိန္းဟာ ဝါဒါဘရီမင္ကို ၃-၂ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ကစားသမားဘ၀ ၄၉၉ ဂိုးနဲ႔ ဂိုး ၅၀၀ ေျမာက္ေတြ သြင္းယူခဲ့တာျဖစ္တယ္။
၎ရဲ႕သြင္းဂိုး ၅၀၀ မွာ စပါးအတြက္ ဂိုး ၂၈၀၊ ဘိုင္ယန္အတြက္ ၁၂၆ ဂိုး၊ အဂၤလန္လက္ေ႐ြးစင္အတြက္ ၇၈ ဂိုး၊ မီေဝါလ္အတြက္ ကိုးဂိုး၊ ေလတန္အတြက္ ငါးဂိုး၊ လက္စတာအတြက္ ၂ ဂိုး ရွိခဲ့ပါတယ္။
ဟာရီကိန္း(၃၂ ႏွစ္)အေနနဲ႔ ဖရန႔္ဖတ္ကို ၃-၂ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း ႏွစ္ဂိုးထပ္သြင္းခဲ့လို စုစုေပါင္း ၅၀၂ ဂိုးအထိ ရွိလာခဲ့ပါတယ္။
၎ဟာ ဘိုင္ယန္အသင္းကို ၂၀၂၃ ေႏြရာသီမွာ ေရာက္လာၿပီးကတည္းက ၿပိဳင္ပြဲစုံ ၁၂၈ ဂိုး သြင္းယူထားပါတယ္။ အခုရာသီမွာေတာ့ ၿပိဳင္ပြဲစုံ သြင္းဂိုးစုစုေပါင္း ၄၃ ဂိုးအထိ ရွိေနခဲ့ၿပီျဖစ္ပါတယ္။


ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့် ဟာရီကိန်းကို ဘိုင်ယန်အသင်း ဂုဏ်ပြု
==========================
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဝါဒါဘရီမင်နဲ့ပွဲမှာ ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ဖရန့်ဖတ်နဲ့ ပွဲမစခင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပါတယ်။
ဟာရီကိန်းဟာ ဝါဒါဘရီမင်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကစားသမားဘ၀ ၄၉၉ ဂိုးနဲ့ ဂိုး ၅၀၀ မြောက်တွေ သွင်းယူခဲ့တာဖြစ်တယ်။
၎င်းရဲ့သွင်းဂိုး ၅၀၀ မှာ စပါးအတွက် ဂိုး ၂၈၀၊ ဘိုင်ယန်အတွက် ၁၂၆ ဂိုး၊ အင်္ဂလန်လက်ရွေးစင်အတွက် ၇၈ ဂိုး၊ မီဝေါလ်အတွက် ကိုးဂိုး၊ လေတန်အတွက် ငါးဂိုး၊ လက်စတာအတွက် ၂ ဂိုး ရှိခဲ့ပါတယ်။
ဟာရီကိန်း(၃၂ နှစ်)အနေနဲ့ ဖရန့်ဖတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း နှစ်ဂိုးထပ်သွင်းခဲ့လို စုစုပေါင်း ၅၀၂ ဂိုးအထိ ရှိလာခဲ့ပါတယ်။
၎င်းဟာ ဘိုင်ယန်အသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၂၈ ဂိုး သွင်းယူထားပါတယ်။ အခုရာသီမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုးစုစုပေါင်း ၄၃ ဂိုးအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။