၂၀၂၆ ခုႏွစ္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) ဇူလိုင္လတြင္ က်င္းပမည္

၂၀၂၆ ခုႏွစ္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) ဇူလိုင္လတြင္ က်င္းပမည္
=====================
၂ဝ၂၆ ခုႏွစ္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT)အား ဇူလိုင္လ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕၌ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ၌ ရန္ကုန္ႏွင့္ မႏၲေလးတို႔မွ တစ္ဦးခ်င္းအလိုက္ေလွ်ာက္ထားမည့္ ရွင္သာမေဏ၊ ရဟန္းေတာ္၊ သီလရွင္ႏွင့္ ၁၀ ႏွစ္ေအာက္ ေျဖဆိုသူမ်ားသည္ အြန္လိုင္းမွ ေလွ်ာက္ထားရာတြင္ Level N1 ႏွင့္ Level N2 အတြက္ ေျဖဆိုသူမ်ားအေနနဲ႔ ၂၀၂၆ ခုႏွစ္၊ မတ္လ ၃ ရက္ မွ ၄ အထိ၊ Level N3 ေျဖဆိုသူမ်ားအေနနဲ႔ မတ္လ ၅ ရက္မွ ၇ ရက္အထိ၊ Level N4 ေျဖဆိုသူမ်ားအေနနဲ႔ မတ္လ ၉ ရက္မွ ၁၁ ရက္အထိ၊ Level N5 ေျဖဆိုသူမ်ားအေနနဲ႔ မတ္လ ၁၂ ရက္မွ ၁၃ ရက္အထိ ေလွ်ာက္ထားရမွာျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို Website – https:// schoolform.jlpt-maja.org.mm/ သို႔ ေဖာင္တင္ျခင္းျပဳလုပ္ရမွာျဖစ္ပါတယ္။
အြန္လိုင္းမွေလွ်ာက္ထားရာတြင္ System သို႔ တစ္ၿပိဳင္နက္တည္း ဝင္ေရာက္ျခင္းအားထိန္းခ်ဳပ္ႏိုင္ရန္ ေလွ်ာက္လႊာလက္ခံမည့္ အခ်ိန္ကို ႀကိဳတင္အသိေပးသြားမည္မဟုတ္ေၾကာင္း၊ ေလွ်ာက္လႊာလက္ခံသည့္ ရက္အတြင္း ေန႔ခင္းပိုင္းအခ်ိန္မ်ား၌ ဝင္ေရာက္ကာေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။
ဒါ့အျပင္ ရန္ကုန္ႏွင့္မႏၲေလးရွိ သင္တန္းေက်ာင္းမ်ားသည္ ေဖေဖာ္ဝါရီလ ၁၈ ရက္ နံနက္ ၉ နာရီမွ ေဖေဖာ္ဝါရီလ ၂၇ ရက္ ညေန ၄ နာရီခြဲအတြင္း မိမိတို႔၏ login ID, Passcode တို႔ျဖင့္ ဝင္ေရာက္ေလွ်ာက္ထားႏိုင္ပါ တယ္။ ေလွ်ာက္ထားရမည့္ အေသးစိတ္လမ္းၫႊန္ခ်က္မ်ားအား ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း JLPT စာေမးပြဲ က်င္းပေရးေကာ္မတီ ျမန္မာႏိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA) က အသိေပးေၾကညာထားရွိပါတယ္။
၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဇူလိုင်လတွင် ကျင်းပမည်
=====================
၂ဝ၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)အား ဇူလိုင်လ ၅ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၌ ရန်ကုန်နှင့် မန္တလေးတို့မှ တစ်ဦးချင်းအလိုက်လျှောက်ထားမည့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် ၁၀ နှစ်အောက် ဖြေဆိုသူများသည် အွန်လိုင်းမှ လျှောက်ထားရာတွင် Level N1 နှင့် Level N2 အတွက် ဖြေဆိုသူများအနေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် မှ ၄ အထိ၊ Level N3 ဖြေဆိုသူများအနေနဲ့ မတ်လ ၅ ရက်မှ ၇ ရက်အထိ၊ Level N4 ဖြေဆိုသူများအနေနဲ့ မတ်လ ၉ ရက်မှ ၁၁ ရက်အထိ၊ Level N5 ဖြေဆိုသူများအနေနဲ့ မတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာများကို Website – https:// schoolform.jlpt-maja.org.mm/ သို့ ဖောင်တင်ခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။
အွန်လိုင်းမှလျှောက်ထားရာတွင် System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအားထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့် အချိန်ကို ကြိုတင်အသိပေးသွားမည်မဟုတ်ကြောင်း၊ လျှောက်လွှာလက်ခံသည့် ရက်အတွင်း နေ့ခင်းပိုင်းအချိန်များ၌ ဝင်ရောက်ကာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်နှင့်မန္တလေးရှိ သင်တန်းကျောင်းများသည် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီမှ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခွဲအတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပါ တယ်။ လျှောက်ထားရမည့် အသေးစိတ်လမ်းညွှန်ချက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲ ကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးကြေညာထားရှိပါတယ်။



