ၿဗိတိန္၏န်ဴကလီးယားထီးရိပ္က ဥေရာပကို ကာကြယ္ေပးႏိုင္မည္မဟုတ္ဟု ႐ုရွားသတိေပး

ၿဗိတိန္၏န်ဴကလီးယားထီးရိပ္က ဥေရာပကို ကာကြယ္ေပးႏိုင္မည္မဟုတ္ဟု ႐ုရွားသတိေပး
==================
ၿဗိတိန္၏န်ဴကလီးယားထီးရိပ္သည္ ဥေရာပတိုက္ကို ကာကြယ္ေပးႏိုင္လိမ့္မည္မဟုတ္ေၾကာင္းႏွင့္ ယင္း ကဲ့သို႔ လက္နက္အင္အားခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းမႈမ်ားသည္ ေဒသတြင္းတင္းမာမႈကိုသာ ျမင့္တက္ေစမည္ ျဖစ္ေၾကာင္း ႐ုရွားအစိုးရက ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ သတိေပးလိုက္သည္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီယာစတားမာ သည္ ၿဗိတိန္၏န်ဴကလီးယားလက္နက္မ်ားက NATO တပ္ဖြဲ႕ဝင္ႏိုင္ငံမ်ားကို ကာကြယ္ေပးေနသည္ဟု ျမဴးနစ္ လုံၿခဳံေရးညီလာခံ၌ ေျပာဆိုျခင္းအေပၚ ႐ုရွားကယခုကဲ့သို႔ တုံ႔ျပန္ျခင္းျဖစ္သည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာ က ၿဗိတိန္ႏွင့္ျပင္သစ္တို႔၏ န်ဴကလီးယားလက္နက္ တိုးျမႇင့္ျဖန႔္ၾကက္ေရးေဆြးေႏြးမႈမ်ားသည္ လက္ေတြ႕မက်သည့္အျပင္ ရန္လိုေသာ လုပ္ရပ္ မ်ားသာ ျဖစ္သည္ဟု ေဝဖန္သည္။

ထို႔ျပင္ၿဗိတိန္၏ န်ဴကလီးယားအကာအကြယ္သည္ အေမရိကန္၏ နည္းပညာႏွင့္ထိန္းခ်ဳပ္မႈအေပၚတြင္သာ မွီခိုေနရသျဖင့္ ဥေရာပအတြက္ လြတ္လပ္ေသာအာမခံခ်က္တစ္ခု မျဖစ္ ႏိုင္ေၾကာင္း ေထာက္ျပထားသည္။

ဥေရာပႏိုင္ငံမ်ားၾကား န်ဴကလီးယားလက္နက္မ်ားအေပၚ အျပန္အလွန္ ေဆြးေႏြးျခင္းမွာ အေမရိကန္၏ ကာကြယ္ေရးအာမခံခ်က္အေပၚ စိုးရိမ္မႈမ်ားေၾကာင့္ျဖစ္သည္ဟု RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။


ဗြိတိန်၏နျူကလီးယားထီးရိပ်က ဥရောပကို ကာကွယ်ပေးနိုင်မည်မဟုတ်ဟု ရုရှားသတိပေး
==================
ဗြိတိန်၏နျူကလီးယားထီးရိပ်သည် ဥရောပတိုက်ကို ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် ယင်း ကဲ့သို့ လက်နက်အင်အားချဲ့ထွင်ရန် ကြိုးပမ်းမှုများသည် ဒေသတွင်းတင်းမာမှုကိုသာ မြင့်တက်စေမည် ဖြစ်ကြောင်း ရုရှားအစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်တွင် သတိပေးလိုက်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ သည် ဗြိတိန်၏နျူကလီးယားလက်နက်များက NATO တပ်ဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ပေးနေသည်ဟု မြူးနစ် လုံခြုံရေးညီလာခံ၌ ပြောဆိုခြင်းအပေါ် ရုရှားကယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ဗြိတိန်နှင့်ပြင်သစ်တို့၏ နျူကလီးယားလက်နက် တိုးမြှင့်ဖြန့်ကြက်ရေးဆွေးနွေးမှုများသည် လက်တွေ့မကျသည့်အပြင် ရန်လိုသော လုပ်ရပ် များသာ ဖြစ်သည်ဟု ဝေဖန်သည်။

ထို့ပြင်ဗြိတိန်၏ နျူကလီးယားအကာအကွယ်သည် အမေရိကန်၏ နည်းပညာနှင့်ထိန်းချုပ်မှုအပေါ်တွင်သာ မှီခိုနေရသဖြင့် ဥရောပအတွက် လွတ်လပ်သောအာမခံချက်တစ်ခု မဖြစ် နိုင်ကြောင်း ထောက်ပြထားသည်။

ဥရောပနိုင်ငံများကြား နျူကလီးယားလက်နက်များအပေါ် အပြန်အလှန် ဆွေးနွေးခြင်းမှာ အမေရိကန်၏ ကာကွယ်ရေးအာမခံချက်အပေါ် စိုးရိမ်မှုများကြောင့်ဖြစ်သည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။