ေက်ာ္စြာဝင္း မတ္လထဲ ONE မွာ ေနာက္တစ္ပြဲထိုးသတ္မယ္

ေက်ာ္စြာဝင္း မတ္လထဲ ONE မွာ ေနာက္တစ္ပြဲထိုးသတ္မယ္
=======================
ေဖေဖာ္ဝါရီ ၁၈

ျမန္မာ့႐ိုးရာလက္ေဝွ႔သမား ေက်ာ္စြာဝင္းဟာ လာမယ့္မတ္လထဲ ONE Championship မွာ ေနာက္ထပ္တစ္ပြဲ ထိုးသတ္သြားဖို႔ ရွိေနေၾကာင္း သိရပါတယ္။
ေက်ာ္စြာဝင္းဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ONE Championship နဲ႔ ေနာက္ပြဲထိုးသတ္ဖို႔အတြက္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သူ႔ရဲ႕ပရိသတ္ေတြကို တရားဝင္အသိေပးခဲ့ပါတယ္။
ေက်ာ္စြာဝင္းနဲ႔ ထိုးသတ္မယ့္ၿပိဳင္ဘက္ဖိုက္တာကို ONE Championship က လတ္တေလာ မထုတ္ျပန္ေသးေပမဲ့ လာမယ့္ရက္ပိုင္းအတြင္း ထုတ္ျပန္ေပးသြားဖြယ္ရွိေနပါတယ္။
ေက်ာ္စြာဝင္းဟာ ONE Championship မွာ တစ္ပြဲသာထိုးသတ္ရေသးၿပီး အႏိုင္ရရွိထားပါတယ္။
ေက်ာ္စြာဝင္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက က်င္းပတဲ့ ONE Friday Fights 139 ၿပိဳင္ပြဲမွာ ဂ်ပန္ဖိုက္တာ မူဂါကို ဒုတိယအခ်ီမွာ အလဲထိုးၿပီး အႏိုင္ယူထားခဲ့ပါတယ္။
ေက်ာ္စြာဝင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္အတြင္းက ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီး ေမြထိုင္းကလပ္ Fairtex Training Center ကို ေရာက္ရွိခဲ့ၿပီး (၄) ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။
ေက်ာ္စြာဝင္းဟာ Fairtex မွာ ေမြထိုင္းကို စနစ္တက် ေလ့လာသင္ယူေနၿပီး ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာအတြင္းက Lumpinee Super Fights ၿပိဳင္ပြဲမွာ ထိုင္းဖိုက္တာ ပတ္ေထာင္ခ်ိဳင္ကို ဒုတိယအခ်ီမွာ အလဲထိုးၿပီး အႏိုင္ယူထားခဲ့ပါတယ္။
ဒါေၾကာင့္ လာမယ့္မတ္လထဲ ထိုးသတ္မယ့္ပြဲဟာ ေက်ာ္စြာဝင္းအတြက္ ထိုင္းႏိုင္ငံေရာက္ရွိၿပီးေနာက္ (၃) ပြဲေျမာက္ ထိုးသတ္မယ့္ ေမြထိုင္းပြဲျဖစ္လာမွာ ျဖစ္ပါတယ္။

Photo- ONE #Eleven


ကျော်စွာဝင်း မတ်လထဲ ONE မှာ နောက်တစ်ပွဲထိုးသတ်မယ်
=======================
ဖေဖော်ဝါရီ ၁၈

မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်းဟာ လာမယ့်မတ်လထဲ ONE Championship မှာ နောက်ထပ်တစ်ပွဲ ထိုးသတ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။
ကျော်စွာဝင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ONE Championship နဲ့ နောက်ပွဲထိုးသတ်ဖို့အတွက် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။
ကျော်စွာဝင်းနဲ့ ထိုးသတ်မယ့်ပြိုင်ဘက်ဖိုက်တာကို ONE Championship က လတ်တလော မထုတ်ပြန်သေးပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားဖွယ်ရှိနေပါတယ်။
ကျော်စွာဝင်းဟာ ONE Championship မှာ တစ်ပွဲသာထိုးသတ်ရသေးပြီး အနိုင်ရရှိထားပါတယ်။
ကျော်စွာဝင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ကျင်းပတဲ့ ONE Friday Fights 139 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ မူဂါကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ယူထားခဲ့ပါတယ်။
ကျော်စွာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်အတွင်းက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မွေထိုင်းကလပ် Fairtex Training Center ကို ရောက်ရှိခဲ့ပြီး (၄) နှစ် စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။
ကျော်စွာဝင်းဟာ Fairtex မှာ မွေထိုင်းကို စနစ်တကျ လေ့လာသင်ယူနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာအတွင်းက Lumpinee Super Fights ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပတ်ထောင်ချိုင်ကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ယူထားခဲ့ပါတယ်။
ဒါကြောင့် လာမယ့်မတ်လထဲ ထိုးသတ်မယ့်ပွဲဟာ ကျော်စွာဝင်းအတွက် ထိုင်းနိုင်ငံရောက်ရှိပြီးနောက် (၃) ပွဲမြောက် ထိုးသတ်မယ့် မွေထိုင်းပွဲဖြစ်လာမှာ ဖြစ်ပါတယ်။

Photo- ONE #Eleven