ေျမာက္ကိုရီးယားသို႔ ဒ႐ုန္းဝင္ေရာက္မႈႏွင့္ပတ္သက္၍ ေတာင္ကိုရီးယားေထာက္လွမ္းေရးဌာန စီးနင္းရွာေဖြခံရ

ေျမာက္ကိုရီးယားသို႔ ဒ႐ုန္းဝင္ေရာက္မႈႏွင့္ပတ္သက္၍ ေတာင္ကိုရီးယားေထာက္လွမ္းေရးဌာန စီးနင္းရွာေဖြခံရ

ေျမာက္ကိုရီးယားႏိုင္ငံသို႔ ဒ႐ုန္းတစ္စင္းဝင္ေရာက္မႈႏွင့္ပတ္သက္၍ ေတာင္ကိုရီးယားေထာက္လွမ္းေရးဌာန စီးနင္းရွာေဖြခံရေၾကာင္း သိရသည္။ ျဖစ္စဥ္တြင္အစိုးရဌာနမ်ားပါဝင္ပတ္သက္မႈ ရွိ၊ မရွိ သိရွိႏိုင္ရန္ ေတာင္ကိုရီးယား စုံစမ္းစစ္ေဆးေရးမႉးမ်ားက ေဖေဖာ္ဝါရီလ ၁၀ ရက္တြင္ ေထာက္လွမ္းေရးေအဂ်င္စီကို ဝင္ေရာက္စီးနင္းရွာေဖြျခင္းျဖစ္သည္။

စစ္ဘက္ႏွင့္ ရဲတပ္ဖြဲ႕တို႔ပူးေပါင္းထားသည့္ အထူးစုံစမ္းစစ္ေဆးေရးအဖြဲ႕သည္ အမ်ိဳးသားေထာက္လွမ္းေရးဌာန (NIS) ႏွင့္ စစ္ဘက္ေထာက္လွမ္းေရးဌာနခ်ဳပ္တို႔ အပါအဝင္ သံသယရွိဖြယ္ေနရာ ၁၈ ခုကိုဝင္ေရာက္စီးနင္းျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ေကဆုန္ၿမိဳ႕သို႔ ေတာင္ကိုရီးယားဘက္မွ ဒ႐ုန္းမ်ား ေစလႊတ္သည္ဟု ေျမာက္ကိုရီးယားဘက္ကစြပ္စြဲၿပီး ပ်က္က်သြားသည့္ ဒ႐ုန္းအပိုင္းအစ၏ဓာတ္ပုံမ်ားကို ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္သည္ သုံးဦးႏွင့္ ေထာက္လွမ္းေရးတစ္ဦးတို႔ကို တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးေနၿပီး အရပ္သား သုံးဦးကိုလည္း တရားစြဲဆိုထားသည္။

လက္ရွိေတာင္ကိုရီးယားသမၼတသည္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ဆက္ဆံေရးျပန္လည္သင့္ျမတ္ေစေရးအတြက္ ႀကိဳးပမ္းေနစဥ္ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမႈမွန္ေပၚေပါက္သည္အထိ စုံစမ္းစစ္ေဆးရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

#MWD _Ref: BP


မြောက်ကိုရီးယားသို့ ဒရုန်းဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားထောက်လှမ်းရေးဌာန စီးနင်းရှာဖွေခံရ

မြောက်ကိုရီးယားနိုင်ငံသို့ ဒရုန်းတစ်စင်းဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားထောက်လှမ်းရေးဌာန စီးနင်းရှာဖွေခံရကြောင်း သိရသည်။ ဖြစ်စဉ်တွင်အစိုးရဌာနများပါဝင်ပတ်သက်မှု ရှိ၊ မရှိ သိရှိနိုင်ရန် တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးများက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထောက်လှမ်းရေးအေဂျင်စီကို ဝင်ရောက်စီးနင်းရှာဖွေခြင်းဖြစ်သည်။

စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းထားသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အမျိုးသားထောက်လှမ်းရေးဌာန (NIS) နှင့် စစ်ဘက်ထောက်လှမ်းရေးဌာနချုပ်တို့ အပါအဝင် သံသယရှိဖွယ်နေရာ ၁၈ ခုကိုဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်ကေဆုန်မြို့သို့ တောင်ကိုရီးယားဘက်မှ ဒရုန်းများ စေလွှတ်သည်ဟု မြောက်ကိုရီးယားဘက်ကစွပ်စွဲပြီး ပျက်ကျသွားသည့် ဒရုန်းအပိုင်းအစ၏ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်သည် သုံးဦးနှင့် ထောက်လှမ်းရေးတစ်ဦးတို့ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး အရပ်သား သုံးဦးကိုလည်း တရားစွဲဆိုထားသည်။

လက်ရှိတောင်ကိုရီးယားသမ္မတသည် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးပြန်လည်သင့်မြတ်စေရေးအတွက် ကြိုးပမ်းနေစဉ် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်သည်အထိ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

#MWD _Ref: BP