မုန္တိုင္းဒဏ္ခံစားခဲ့ရတဲ့ သီရိလကၤာႏိုင္ငံကို ျမန္မာႏိုင္ငံက ဆန္တန္ခ်ိန္ ၅၀၀ လႈဒါန္း

မုန္တိုင္းဒဏ္ခံစားခဲ့ရတဲ့ သီရိလကၤာႏိုင္ငံကို ျမန္မာႏိုင္ငံက ဆန္တန္ခ်ိန္ ၅၀၀ လႈဒါန္း
====================
ေဖေဖာ္ဝါရီ ၁၀

ဒီဝါဆိုင္ကလုန္းမုန္တိုင္းဒဏ္ ထိခိုက္ခံစားခဲ့ရတဲ့ သီရိလကၤာႏိုင္ငံျပည္သူမ်ားအတြက္ ျမန္မာႏိုင္ငံက လႈဒါန္း တဲ့ ဆန္တန္ခ်ိန္ ၅၀၀၊ အိတ္ ၁၀,၀၀၀ ကို ေဖေဖာ္ဝါရီလ ၉ ရက္မွာ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါဆန္တန္ခ်ိန္ ၅၀၀ ကို သီရိလကၤာႏိုင္ငံ ကိုလံဘိုဆိပ္ကမ္း၌ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ျမန္မာသံ အမတ္ႀကီး ေဒၚမာလာသန္းထိုက္ က သီရိလကၤာကုန္သြယ္ေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ စားနပ္ရိကၡာဖူလုံေရးႏွင့္ သမဝါယမဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး မစၥတာ ဝါဆန္သာ ဆာမာရာဆင္ဟဲ ထံသို႔ ဆန္အိတ္မ်ား လႊဲေျပာင္းေပးအပ္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

သီရိလကၤာကုန္သြယ္ေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ စားနပ္ရိကၡာဖူလုံေရးႏွင့္ သမဝါယမဖြံ႕ၿဖိဳးတိုးတက္ေရး ဝန္ႀကီးက ျမန္မာႏိုင္ငံမွ ဆန္လႉဒါန္းမႈကို ေက်းဇူးတင္ရွိေၾကာင္းႏွင့္ ႏွစ္ႏိုင္ငံဆက္လက္ပူးေပါင္းေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါအခမ္းအနားသို႔ သီရိလကၤာႏိုင္ငံျခားေရး၊ ျပည္ပအလုပ္အကိုင္ေရးရာႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ မစၥခ်ာမာရီ ႐ိုဒီေရဂို၊ သီရိလကၤာေဘးအႏၲရာယ္စီမံခန႔္ခြဲေရး စင္တာႏွင့္ ဆိပ္ကမ္းအာဏာပိုင္မွ တာဝန္ရွိသူမ်ားႏွင့္ ျမန္မာသံ႐ုံး၊ ကိုလံဘိုၿမိဳ႕မွ ဝန္ထမ္းမ်ား တက္ေရာက္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။


မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀ လှုဒါန်း
====================
ဖေဖော်ဝါရီ ၁၀

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှုဒါန်း တဲ့ ဆန်တန်ချိန် ၅၀၀၊ အိတ် ၁၀,၀၀၀ ကို ဖေဖော်ဝါရီလ ၉ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဆန်တန်ချိန် ၅၀၀ ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံ အမတ်ကြီး ဒေါ်မာလာသန်းထိုက် က သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဝါဆန်သာ ဆာမာရာဆင်ဟဲ ထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးက မြန်မာနိုင်ငံမှ ဆန်လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေးအန္တရာယ်စီမံခန့်ခွဲရေး စင်တာနှင့် ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။