မန္ယူအသင္းတြင္ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ေရ ၂၀၀ ျပည့္ေျမာက္သည့္ ငါးဦးေျမာက္ ကစားသမားအျဖစ္ ဖာနန္ဒက္မွတ္တမ္းဝင္

မန္ယူအသင္းတြင္ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ေရ ၂၀၀ ျပည့္ေျမာက္သည့္ ငါးဦးေျမာက္ ကစားသမားအျဖစ္ ဖာနန္ဒက္မွတ္တမ္းဝင္
===========================
‌မန္ယူအသင္းကြင္းလယ္ကစားသမား ဖာနန္ဒက္ သည္ မန္ယူအသင္းႏွင့္စပါးအသင္းတို႔ကစားသည့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ တစ္ဂိုးသြင္းယူႏိုင္ၿပီး ေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ေရ ၂၀၀ ျပည့္ ေျမာက္သည့္ ငါးဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။

မန္ယူအသင္းက စပါးအသင္းကို ၂ ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိသည့္ပြဲစဥ္တြင္ ဖာနန္ဒက္သည္ အသင္းအတြက္ သြင္းဂိုး တစ္ဂိုးသြင္းယူ ေပးႏိုင္ၿပီးေနာက္ မန္ယူအသင္းႏွင့္အတူ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ ေရ ၂၀၀ ျပည့္ေျမာက္သည့္ မွတ္တမ္းေကာင္း တစ္ရပ္ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

ဖာနန္ဒက္သည္ မန္ယူအသင္းႏွင့္အတူ ၃၁၄ ပြဲ ကစားၿပီးခ်ိန္တြင္ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ ၂၀၀ ျပည့္ေျမာက္သည့္အတြက္ ႐ြန္းနီၿပီးလွ်င္ ဂိုးပါဝင္ ပတ္သက္မႈအႀကိမ္ေရ ၂၀၀ ကို ပြဲအနည္းဆုံးျဖင့္ ျပည့္ေျမာက္သည့္ကစားသမားအျဖစ္ မွတ္တမ္းဝင္ ခဲ့ျခင္းျဖစ္သည္။

မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္ ဖာနန္ဒက္ မတိုင္မီက ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ေရ ၂၀၀ျပည့္ ေျမာက္သည့္ ကစားသမားအျဖစ္ ႐ိုင္ယန္ဂစ္က ၄၂၄ ပြဲျဖင့္လည္းေကာင္း၊ ေဒးဗစ္ဘက္ခမ္းက ၃၉၃ ပြဲျဖင့္လည္းေကာင္း၊ ႐ြန္းနီက ၂၉၅ ပြဲျဖင့္

လည္းေကာင္း၊ စီေရာ္နယ္ဒိုက ၃၃၉ ပြဲျဖင့္လည္းေကာင္း မွတ္တမ္းဝင္ထားၿပီး ယခုအခါ ဖာနန္ဒက္က ၃၁၄ ပြဲျဖင့္ ဂိုးပါဝင္ပတ္သက္မႈအႀကိမ္ေရ ၂၀၀ျပည့္ေျမာက္ခဲ့ျခင္းျဖစ္သည္။

ဖာနန္ဒက္သည္ မန္ယူအသင္းႏွင့္အတူ ပရီးမီး ယားလိဂ္ၿပိဳင္ပြဲတြင္ ၃၁၄ ပြဲကစားၿပီးခ်ိန္၌ သြင္းဂိုး ၁၀၄ ဂိုးသြင္းယူႏိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၉၆ ႀကိမ္ျပဳလုပ္ ႏိုင္ၿပီး ဂိုးပါဝင္ပတ္သက္မႈ(သြင္းဂိုးႏွင့္ ဂိုးဖန္တီးမႈ) အႀကိမ္ေရ ၂၀၀ျပည့္ေျမာက္ခဲ့ျခင္းျဖစ္သည္။

ဖာနန္ဒက္သည္ မန္ယူအသင္းႏွင့္အတူ ေနာက္ဆုံး ကစားခဲ့သည့္ပြဲစဥ္ ေျခာက္ပြဲတြင္ ဂိုးဖန္တီးမႈ ေျခာက္ႀကိမ္ျပဳလုပ္ႏိုင္ကာ တစ္ဂိုးသြင္းယူထားၿပီးေျခာက္ပြဲဆက္ ဂိုးပါဝင္ပတ္သက္မႈျပဳလုပ္ႏိုင္ခဲ့သည္။

ဖာနန္ဒက္သည္ ယခုေဘာလုံးရာသီ ပရီးမီးယား လိဂ္ၿပိဳင္ပြဲတြင္ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ျဖင့္ ဂိုးဖန္တီးမႈ အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။

Ref;The Athletic


မန်ယူအသင်းတွင် ဂိုးပါဝင်ပတ်သက်မှုအကြိမ်ရေ ၂၀၀ ပြည့်မြောက်သည့် ငါးဦးမြောက် ကစားသမားအဖြစ် ဖာနန်ဒက်မှတ်တမ်းဝင်
===========================
‌မန်ယူအသင်းကွင်းလယ်ကစားသမား ဖာနန်ဒက် သည် မန်ယူအသင်းနှင့်စပါးအသင်းတို့ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ပြီး နောက် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှုအကြိမ်ရေ ၂၀၀ ပြည့် မြောက်သည့် ငါးဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းက စပါးအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ဖာနန်ဒက်သည် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူ ပေးနိုင်ပြီးနောက် မန်ယူအသင်းနှင့်အတူ ဂိုးပါဝင်ပတ်သက်မှုအကြိမ် ရေ ၂၀၀ ပြည့်မြောက်သည့် မှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ဖာနန်ဒက်သည် မန်ယူအသင်းနှင့်အတူ ၃၁၄ ပွဲ ကစားပြီးချိန်တွင် ဂိုးပါဝင်ပတ်သက်မှုအကြိမ် ၂၀၀ ပြည့်မြောက်သည့်အတွက် ရွန်းနီပြီးလျှင် ဂိုးပါဝင် ပတ်သက်မှုအကြိမ်ရေ ၂၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့်ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက် ဖာနန်ဒက် မတိုင်မီက ဂိုးပါဝင်ပတ်သက်မှုအကြိမ်ရေ ၂၀၀ပြည့် မြောက်သည့် ကစားသမားအဖြစ် ရိုင်ယန်ဂစ်က ၄၂၄ ပွဲဖြင့်လည်းကောင်း၊ ဒေးဗစ်ဘက်ခမ်းက ၃၉၃ ပွဲဖြင့်လည်းကောင်း၊ ရွန်းနီက ၂၉၅ ပွဲဖြင့်

လည်းကောင်း၊ စီရော်နယ်ဒိုက ၃၃၉ ပွဲဖြင့်လည်းကောင်း မှတ်တမ်းဝင်ထားပြီး ယခုအခါ ဖာနန်ဒက်က ၃၁၄ ပွဲဖြင့် ဂိုးပါဝင်ပတ်သက်မှုအကြိမ်ရေ ၂၀၀ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒက်သည် မန်ယူအသင်းနှင့်အတူ ပရီးမီး ယားလိဂ်ပြိုင်ပွဲတွင် ၃၁၄ ပွဲကစားပြီးချိန်၌ သွင်းဂိုး ၁၀၄ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉၆ ကြိမ်ပြုလုပ် နိုင်ပြီး ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနှင့် ဂိုးဖန်တီးမှု) အကြိမ်ရေ ၂၀၀ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒက်သည် မန်ယူအသင်းနှင့်အတူ နောက်ဆုံး ကစားခဲ့သည့်ပွဲစဉ် ခြောက်ပွဲတွင် ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်နိုင်ကာ တစ်ဂိုးသွင်းယူထားပြီးခြောက်ပွဲဆက် ဂိုးပါဝင်ပတ်သက်မှုပြုလုပ်နိုင်ခဲ့သည်။

ဖာနန်ဒက်သည် ယခုဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု ၁၂ ကြိမ်ဖြင့် ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref;The Athletic