ပထမဆုံးအႀကိမ္ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ထိပ္သီးအစည္းအေဝးကို ေဖေဖာ္ဝါရီလအတြင္း ျပဳလုပ္ရန္ အိမ္ျဖဴေတာ္ စီစဥ္

ပထမဆုံးအႀကိမ္ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ထိပ္သီးအစည္းအေဝးကို ေဖေဖာ္ဝါရီလအတြင္း ျပဳလုပ္ရန္ အိမ္ျဖဴေတာ္ စီစဥ္
====================
ေဖေဖာ္ဝါရီ ၁၀

ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕အတြက္ ေခါင္းေဆာင္မ်ားအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁၉ ရက္တြင္ ျပဳလုပ္သြား ရန္ အိမ္ျဖဴေတာ္က စီစဥ္ထားသည္ဟု အေမရိကန္မီဒီယာျဖစ္သည့္ အက္ဇီယိုတြင္ ေဖေဖာ္ဝါရီလ ၇ ရက္က ေဖာ္ျပထားသည္။

အဆိုပါအစည္းအေဝးသည္ ဂါဇာေဒသျပန္လည္တည္ေဆာက္ေရးအတြက္ ပထမဆုံးအႀကိမ္ ျပဳလုပ္သည့္ အစည္းအေဝးႏွင့္ ရန္ပုံေငြညီလာခံတစ္ခုလည္းျဖစ္မည္ဟု အေမရိကန္အရာရွိတစ္ဦးက ေျပာသည္။

အဆိုပါအစည္းအေဝးကို အေမရိကန္ ၿငိမ္းခ်မ္းေရးအင္စတီက်ဳတြင္ ျပဳလုပ္ရန္စီစဥ္ထားၿပီး အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္အစိုးရအဖြဲ႕သည္ ေဖေဖာ္ဝါရီလ ၆ ရက္ကတည္းက ေခါင္းေဆာင္မ်ား တက္ေရာက္ရန္အတြက္ ႏိုင္ငံအေတာ္မ်ားမ်ားကို ဖိတ္ၾကားခဲ့သည္ဟု အက္ဇီယိုတြင္ ေဖာ္ျပထားသည္။

ထိပ္သီးအစည္းအေဝးအတြက္ အစီအစဥ္မ်ားမွာ ကနဦးအဆင့္တြင္သာရွိေသးၿပီး ေျပာင္းလဲႏိုင္ေသးသည္ဟု အက္ဇီယိုတြင္ ေဖာ္ျပထားသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ အိမ္ျဖဴေတာ္ကလည္း မွတ္ခ်က္မေပးခဲ့ေခ်။

အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ သည္ ဇန္နဝါရီလ ၂၂ ရက္ က ဆြစ္ဇာလန္ႏိုင္ငံ ဒါဗို႔စ္ၿမိဳ႕၌က်င္းပသည့္ ကမာၻ႔စီးပြားေရးဖိုရမ္၌ ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ကို စတင္ခဲ့သည္ဟု ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန် အိမ်ဖြူတော် စီစဉ်
====================
ဖေဖော်ဝါရီ ၁၀

ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ခေါင်းဆောင်များအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြုလုပ်သွား ရန် အိမ်ဖြူတော်က စီစဉ်ထားသည်ဟု အမေရိကန်မီဒီယာဖြစ်သည့် အက်ဇီယိုတွင် ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးသည် ဂါဇာဒေသပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးနှင့် ရန်ပုံငွေညီလာခံတစ်ခုလည်းဖြစ်မည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါအစည်းအဝေးကို အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုတွင် ပြုလုပ်ရန်စီစဉ်ထားပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်ကတည်းက ခေါင်းဆောင်များ တက်ရောက်ရန်အတွက် နိုင်ငံအတော်များများကို ဖိတ်ကြားခဲ့သည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။

ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များမှာ ကနဦးအဆင့်တွင်သာရှိသေးပြီး ပြောင်းလဲနိုင်သေးသည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ကလည်း မှတ်ချက်မပေးခဲ့ချေ။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သည် ဇန်နဝါရီလ ၂၂ ရက် က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို စတင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။