ဒလတံတား ျဖတ္သန္းအသုံးျပဳခ ေဖေဖာ္ဝါရီ ၁၂ ရက္မွ စတင္ေကာက္ခံမည္

ဒလတံတား ျဖတ္သန္းအသုံးျပဳခ ေဖေဖာ္ဝါရီ ၁၂ ရက္မွ စတင္ေကာက္ခံမည္
===================
ေဖေဖာ္ဝါရီ ၁၀
ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ) တံတားျဖတ္သန္းအသုံးျပဳခကို ယာဥ္အမ်ိဳးအစား Class ၄ မ်ိဳးခြဲကာ ေဈးႏႈန္းမ်ား သတ္မွတ္၍ ေဖေဖာ္ဝါရီ ၁၂ ရက္မွ စတင္ေကာက္ခံမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ သိရသည္။

တံတားျဖတ္သန္းခအျဖစ္ Class 1 တြင္ ၃ တန္ေအာက္ အိမ္စီးကား အမ်ိဳးအစားကို က်ပ္ ၅၀၀ ႏႈန္း၊ Class 2 တြင္ လိုက္ထရပ္၊ ကန္ဒါႏွင့္ ဒိုင္နာယာဥ္ အမ်ိဳးအစားမ်ားကို က်ပ္ ၁၀၀၀ ႏႈန္း၊ Class 3 တြင္ Mini Bus ယာဥ္အမ်ိဳးအစားမ်ားကို က်ပ္ ၂၀၀၀ ႏႈန္းႏွင့္ Class 4 တြင္ ကုန္တင္ယာဥ္အငယ္ျဖစ္သည့္ ၈ ဘီး၊ ၆ ဘီးယာဥ္မ်ားကို က်ပ္ ၄၀၀၀ ႏႈန္း သတ္မွတ္၍ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္အမ်ိဳးအစား ၄ မ်ိဳးကိုသာ ျဖတ္သန္းခြင့္ျပဳေပးသြားမည္ျဖစ္ၿပီး လူျဖတ္သန္းသြားလာမႈကိုလည္း ေနာက္ပိုင္းတြင္ ကန႔္သတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။


ဒလတံတား ဖြတ်သန်းအသုံးပြုခ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကောက်ခံမည်
===================
ဖေဖော်ဝါရီ ၁၀
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားဖြတ်သန်းအသုံးပြုခကို ယာဉ်အမျိုးအစား Class ၄ မျိုးခွဲကာ ဈေးနှုန်းများ သတ်မှတ်၍ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

တံတားဖြတ်သန်းခအဖြစ် Class 1 တွင် ၃ တန်အောက် အိမ်စီးကား အမျိုးအစားကို ကျပ် ၅၀၀ နှုန်း၊ Class 2 တွင် လိုက်ထရပ်၊ ကန်ဒါနှင့် ဒိုင်နာယာဉ် အမျိုးအစားများကို ကျပ် ၁၀၀၀ နှုန်း၊ Class 3 တွင် Mini Bus ယာဉ်အမျိုးအစားများကို ကျပ် ၂၀၀၀ နှုန်းနှင့် Class 4 တွင် ကုန်တင်ယာဉ်အငယ်ဖြစ်သည့် ၈ ဘီး၊ ၆ ဘီးယာဉ်များကို ကျပ် ၄၀၀၀ နှုန်း သတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်အမျိုးအစား ၄ မျိုးကိုသာ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ပြီး လူဖြတ်သန်းသွားလာမှုကိုလည်း နောက်ပိုင်းတွင် ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။