အပင္ေပါင္း သန္း ၁၅၀ ေက်ာ္၏ အခ်က္အလက္ျဖင့္ ေလ့က်င့္ထားေသာ ကမာၻ႔ပထမဆုံး Large Plant Model (LPM)

အပင္ေပါင္း သန္း ၁၅၀ ေက်ာ္၏ အခ်က္အလက္ျဖင့္ ေလ့က်င့္ထားေသာ ကမာၻ႔ပထမဆုံး Large Plant Model (LPM)
===========================
အေမရိကန္ႏိုင္ငံရွိ Carbon Robotics ကုမၸဏီက စိုက္ပ်ိဳးေရးေလာကကို ေျပာင္းလဲေစမယ့္ ကမာၻ႔ပထမဆုံး Large PlantModel (LPM) လို႔ေခၚတဲ့ AI စနစ္ႀကီးကို မိတ္ဆက္လိုက္ပါတယ္။ ဒီစနစ္ကို အပင္ေပါင္း သန္း ၁၅၀ ေက်ာ္ရဲ႕ အခ်က္အလက္ေတြနဲ႔ ေလ့က်င့္ထားတာျဖစ္ၿပီး လယ္ယာထြက္ကုန္ေတြအေပၚစီမံခန႔္ခြဲပုံကို အႀကီးအက်ယ္ ေျပာင္းလဲပစ္ေတာ့မွာပါ။
LPM ဟာ LaserWeeder လို႔ေခၚတဲ့ ေလဆာေပါင္းသတ္စက္႐ုပ္ရဲ႕ ဦးေႏွာက္အျဖစ္ေဆာင္႐ြက္မွာျဖစ္ၿပီး ဘယ္လိုသီးႏွံ ဒါမွမဟုတ္ ဘယ္လိုစိုက္ခင္းမွာမဆို မိနစ္ပိုင္းအတြင္း ေပါင္းပင္ေတြကို ခြဲျခားသတ္မွတ္ၿပီး ေလဆာနဲ႔ ရွင္းလင္းေပးႏိုင္ပါတယ္။ ကမာၻတစ္ဝန္းမွာရွိတဲ့ စက္႐ုပ္ေတြဆီကေန အခ်က္အလက္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ရယူၿပီး အၿမဲမျပတ္ သင္ယူေနတဲ့စနစ္တစ္ခုလည္း ျဖစ္ပါတယ္။
ဒီနည္းပညာေၾကာင့္ လုပ္အားခသက္သာျခင္း၊ ေပါင္းသတ္ေဆးသုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ျခင္းနဲ႔ သီးႏွံအထြက္ႏႈန္းေကာင္းမြန္ျခင္းစတဲ့ အက်ိဳးေက်းဇူးေတြကို ရရွိေစမွာပါ။ ထူးျခားခ်က္အေနနဲ႔ Plant Profiles ဆိုတဲ့ လုပ္ေဆာင္ခ်က္ပါဝင္ၿပီး ေတာင္သူေတြအေနနဲ႔ စိုက္ခင္းထဲကအခ်ိဳ႕ကိုေ႐ြးခ်ယ္ေပး႐ုံနဲ႔ စက္႐ုပ္ရဲ႕ AI မွာ မိနစ္ပိုင္းအတြင္း သတ္မွတ္ေပးႏိုင္မွာျဖစ္ပါတယ္။
Ref: IE
အပင်ပေါင်း သန်း ၁၅၀ ကျော်၏ အချက်အလက်ဖြင့် လေ့ကျင့်ထားသော ကမ္ဘာ့ပထမဆုံး Large Plant Model (LPM)
===========================
အမေရိကန်နိုင်ငံရှိ Carbon Robotics ကုမ္ပဏီက စိုက်ပျိုးရေးလောကကို ပြောင်းလဲစေမယ့် ကမ္ဘာ့ပထမဆုံး Large PlantModel (LPM) လို့ခေါ်တဲ့ AI စနစ်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ကို အပင်ပေါင်း သန်း ၁၅၀ ကျော်ရဲ့ အချက်အလက်တွေနဲ့ လေ့ကျင့်ထားတာဖြစ်ပြီး လယ်ယာထွက်ကုန်တွေအပေါ်စီမံခန့်ခွဲပုံကို အကြီးအကျယ် ပြောင်းလဲပစ်တော့မှာပါ။
LPM ဟာ LaserWeeder လို့ခေါ်တဲ့ လေဆာပေါင်းသတ်စက်ရုပ်ရဲ့ ဦးနှောက်အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ဘယ်လိုသီးနှံ ဒါမှမဟုတ် ဘယ်လိုစိုက်ခင်းမှာမဆို မိနစ်ပိုင်းအတွင်း ပေါင်းပင်တွေကို ခွဲခြားသတ်မှတ်ပြီး လေဆာနဲ့ ရှင်းလင်းပေးနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စက်ရုပ်တွေဆီကနေ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရယူပြီး အမြဲမပြတ် သင်ယူနေတဲ့စနစ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီနည်းပညာကြောင့် လုပ်အားခသက်သာခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ခြင်းနဲ့ သီးနှံအထွက်နှုန်းကောင်းမွန်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။ ထူးခြားချက်အနေနဲ့ Plant Profiles ဆိုတဲ့ လုပ်ဆောင်ချက်ပါဝင်ပြီး တောင်သူတွေအနေနဲ့ စိုက်ခင်းထဲကအချို့ကိုရွေးချယ်ပေးရုံနဲ့ စက်ရုပ်ရဲ့ AI မှာ မိနစ်ပိုင်းအတွင်း သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။
Ref: IE




