

========================




Photos: ONE


အစ္စရေးဖိုက်တာ ရှီးယားကိုဟန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမယ့် ဘရော်နီကာ

========================

မြန်မာအမျိုးသမီးဖိုက်တာ ဘရော်နီကာဟာ ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပမယ့် ONE Friday Fights 143 ပြိုင်ပွဲမှာ အစ္စရေးဖိုက်တာ ရှီးယားကိုဟန်နဲ့ ယှဥ်ပြိုင်ရမယ်လို့ သိရပါတယ်။

ရှီးယားကိုဟန်ဟာ ONE မှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ သုံးပွဲစလုံး အနိုင်ရရှိထားသူဖြစ်ပါတယ်။

ရှီးယားကိုဟန်က ကျော်စွာဝင်း လေ့ကျင့်နေတဲ့ Fairtex မှာပဲ လေ့ကျင့်နေသူဖြစ်ပြီး ဘရော်နီကာ ရှုံးထားတဲ့ ဗီရာကို အနိုင်ရထားသူဖြစ်ကြောင်းလည်း သိရပါတယ်။

Photos: ONE