စပါးအသင္း အဓိကခံစစ္ကစားသမား႐ိုမဲ႐ိုးအား ရီးယဲလ္မက္ဒရစ္အသင္းက ေခၚယူရန္စီစဥ္

စပါးအသင္း အဓိကခံစစ္ကစားသမား႐ိုမဲ႐ိုးအား ရီးယဲလ္မက္ဒရစ္အသင္းက ေခၚယူရန္စီစဥ္
===================
ရီးယဲလ္မက္ဒရစ္အသင္းက လာမည့္ေႏြရာသီ ကစားသမားအေျပာင္းအေ႐ႊ႕ကာလတြင္ စပါးအသင္း အဓိကခံစစ္ကစားသမား ႐ိုမဲ႐ိုးအား ေခၚယူရန္စီစဥ္ေနေၾကာင္း သိရသည္။
အသက္ ၂၇ ႏွစ္အ႐ြယ္ ႐ိုမဲ႐ိုးသည္ ၂၀၂၁ ခုႏွစ္က အတၱလႏၲာအသင္းမွ စပါးအသင္းသို႔ ေျပာင္းေ႐ႊ႕ ကစားခဲ့ၿပီး အသင္းႏွင့္အတူ ေဘာလုံးရာသီတိုင္းတြင္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ကာ လက္ရွိပရီးမီးယား လိဂ္ၿပိဳင္ပြဲတြင္ အေကာင္းဆုံးခံစစ္ကစားသမားမွ တစ္ဦးအပါအဝင္ ရပ္တည္ေနသူျဖစ္သည္။
ရီးယဲလ္မက္ဒရစ္အသင္းက လာမည့္ေႏြရာသီ ကစားသမားအေျပာင္းအေ႐ႊ႕ကာလတြင္ ႐ိုမဲ႐ိုးအား ကာလရွည္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းရန္ ျပင္ဆင္ေနၿပီး ၎ကို ရီးယဲလ္မက္ဒရစ္အသင္းအျပင္ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကလည္း ေခၚယူ လိုသည့္အတြက္ စပါးအသင္းအေနျဖင့္ လာမည့္ေႏြရာသီ ကစားသမားအေျပာင္းအေ႐ႊ႕ကာလတြင္ ႐ိုမဲ႐ိုးအား လက္လႊတ္ရမည့္အေရးႏွင့္ ရင္ဆိုင္ေနရျခင္းျဖစ္ သည္။
႐ိုမဲ႐ိုးကိုယ္တိုင္ကလည္း ရီးယဲလ္မက္ဒရစ္အသင္းက ကမ္းလွမ္းလာမည္ဆိုပါက လာမည့္ေႏြရာသီ ကစားသမား အေျပာင္းအေ႐ႊ႕ကာလတြင္ ေျပာင္းေ႐ႊ႕ ဖြယ္ရွိေၾကာင္း သိရသည္။
Ref:One Football
စပါးအသင်း အဓိကခံစစ်ကစားသမားရိုမဲရိုးအား ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စီစဉ်
===================
ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စပါးအသင်း အဓိကခံစစ်ကစားသမား ရိုမဲရိုးအား ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် ရိုမဲရိုးသည် ၂၀၂၁ ခုနှစ်က အတ္တလန္တာအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ကာ လက်ရှိပရီးမီးယား လိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးခံစစ်ကစားသမားမှ တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရိုမဲရိုးအား ကာလရှည်စာချုပ်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပြီး ၎င်းကို ရီးယဲလ်မက်ဒရစ်အသင်းအပြင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကလည်း ခေါ်ယူ လိုသည့်အတွက် စပါးအသင်းအနေဖြင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရိုမဲရိုးအား လက်လွှတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ် သည်။
ရိုမဲရိုးကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းလာမည်ဆိုပါက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ ဖွယ်ရှိကြောင်း သိရသည်။
Ref:One Football



