ေျခာက္မွတ္ေလွ်ာ့ျပစ္ဒဏ္ ခ်မွတ္ခံလိုက္ရတဲ့ လက္စတာအသင္း

ေျခာက္မွတ္ေလွ်ာ့ျပစ္ဒဏ္ ခ်မွတ္ခံလိုက္ရတဲ့ လက္စတာအသင္း
===========================
လိဂ္ခ်န္ပီယံရွစ္မွာ ယွဥ္ၿပိဳင္ကစားေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း လက္စတာအသင္းဟာ ဘ႑ာေရးစည္းမ်ဥ္း ခ်ိဳးေဖာက္မႈေၾကာင့္ (၆)မွတ္ေလွ်ာ့ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရေၾကာင္း သိရပါတယ္။

လက္စတာအသင္းဟာ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာလအတြင္း အျမတ္ေငြနဲ႔ တည္တံ့မႈစည္းမ်ဥ္း(PSR)နဲ႔ ကိုက္ညီေအာင္ လုပ္ေဆာင္ႏိုင္ျခင္းမရွိဘဲ စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့တာေၾကာင့္ အခုလို အေရးယူခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

PSR စည္းမ်ဥ္းအရ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ (၃)ရာသီအတြင္း ေပါင္(၁၀၅)သန္းထက္ပိုၿပီး အရႈးေပၚလို မရဘဲ ေအာက္တန္းလိဂ္ေတြကို ေရာက္သြားခဲ့ရင္ေတာ့ တစ္ရာသီမွာ ေပါင္(၂၂)သန္းသာ အရႈးေပၚခြင့္ရွိေၾကာင္း သိရပါတယ္။

လက္စတာအသင္းဟာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ နဲ႔ ၂၀၂၃-၂၄ ရာသီ(၃)ခုမွာ သတ္မွတ္ခ်က္ထက္ပိုၿပီး အရႈးေပၚခဲ့တာေၾကာင့္ (၆)မွတ္ေလွ်ာ့ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတာပါ။

လက္စတာအသင္းဟာ ဒီရာသီ လိဂ္ခ်န္ပီယံရွစ္မွာ ျပစ္ဒဏ္ခ်မွတ္မခံရခင္ကတည္းက အဆင့္(၁၇)ေနရာေရာက္ရွိေနခဲ့ၿပီး (၆)မွတ္ေလွ်ာ့ခံရခ်ိန္မွာေတာ့ အဆင့္(၂၀)ေနရာ ေရာက္ရွိသြားခဲ့ပါတယ္။

ဒါေၾကာင့္ တန္းဆင္းဇုန္ထဲမွာရွိေနတဲ့ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အမွတ္တူျဖစ္သြားခဲ့တာေၾကာင့္ လိဂ္ခ်န္ပီယံရွစ္ကေန တန္းထပ္မဆင္းရဖို ႐ုန္းကန္ရေတာ့မွာျဖစ္ပါတယ္။ #Eleven


ခြောက်မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံလိုက်ရတဲ့ လက်စတာအသင်း
===========================
လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာလအတွင်း အမြတ်ငွေနဲ့ တည်တံ့မှုစည်းမျဉ်း(PSR)နဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် အခုလို အရေးယူခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

PSR စည်းမျဉ်းအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ (၃)ရာသီအတွင်း ပေါင်(၁၀၅)သန်းထက်ပိုပြီး အရှုးပေါ်လို မရဘဲ အောက်တန်းလိဂ်တွေကို ရောက်သွားခဲ့ရင်တော့ တစ်ရာသီမှာ ပေါင်(၂၂)သန်းသာ အရှုးပေါ်ခွင့်ရှိကြောင်း သိရပါတယ်။

လက်စတာအသင်းဟာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီ(၃)ခုမှာ သတ်မှတ်ချက်ထက်ပိုပြီး အရှုးပေါ်ခဲ့တာကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

လက်စတာအသင်းဟာ ဒီရာသီ လိဂ်ချန်ပီယံရှစ်မှာ ပြစ်ဒဏ်ချမှတ်မခံရခင်ကတည်းက အဆင့်(၁၇)နေရာရောက်ရှိနေခဲ့ပြီး (၆)မှတ်လျှော့ခံရချိန်မှာတော့ အဆင့်(၂၀)နေရာ ရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် တန်းဆင်းဇုန်ထဲမှာရှိနေတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အမှတ်တူဖြစ်သွားခဲ့တာကြောင့် လိဂ်ချန်ပီယံရှစ်ကနေ တန်းထပ်မဆင်းရဖို ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ #Eleven