မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲနှင့် နွားဒုံးပြိုင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသွားရောက်အားပေ

မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲနှင့် နွားဒုံးပြိုင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသွားရောက်အားပေး

==============

ပျော်ဘွယ် ၊ ဖေဖော်ဝါရီ ၆

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် ပန်းတောကျေးရွာတွင်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲနှင့် နွားဒုံးပြိုင်ပွဲကို သွားရောက်အားပေးခဲ့သည်။

 

ပန်းတောကျေးရွာတွင် ဇန်နဝါရီလ ၂၇ရက်နေ့မှ ဖေဖော်ဝါရီလ ၈ရက်နေ့အထိ မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲနှင့် နွားဒုံးပြိုင်ပွဲကို ကျင်းပလျက်ရှိသည်။