ပန္းေတာေက်း႐ြာမိဘျပည္သူမ်ားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး မိသားစုမွ ဆန္အိတ္ႏွင့္ ဘုရားဆင္းတုေတာ္မ်ားလႉဒါန္း

ပန္းေတာေက်း႐ြာမိဘျပည္သူမ်ားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး မိသားစုမွ ဆန္အိတ္ႏွင့္ ဘုရားဆင္းတုေတာ္မ်ားလႉဒါန္း
===================================
ေပ်ာ္ဘြယ္ ၊ ေဖေဖာ္ဝါရီ ၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ပန္းေတာေက်း႐ြာမိဘျပည္သူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး ဆန္ႏွင့္ဘုရားဆင္းတုေတာ္မ်ားလႉဒါန္းခဲ့သည္။

ေဒသခံ႐ြာသူ႐ြာသားမ်ားက မိမိတို႔ေက်း႐ြာအုပ္စုအတြင္း ေက်း႐ြာခ်င္းဆက္လမ္းတံတားမ်ား ၊ ကုန္ထုတ္လမ္းမ်ား၊ ငလ်င္ဒါဏ္ေၾကာင့္ ပ်က္စီးခဲ့ရသည့္ ဘုရားေစတီမ်ား ၊ သာသနိကအေဆာက္အအုံမ်ား ႏွင့္ စာသင္ေက်ာင္းမ်ား ပ်က္စီးထိခိုက္ခဲ့မႈမ်ားအပါအဝင္ ေက်း႐ြာႏွင့္ပက္သက္သည့္လိုအပ္ခ်က္မ်ားကို တင္ျပေဆြးေႏြးခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးက ေက်း႐ြာလိုအပ္ခ်က္မ်ားကို ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေဆြးေႏြးေဆာင္႐ြက္ခဲ့သည္။


ပန်းတောကျေးရွာမိဘပြည်သူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး မိသားစုမှ ဆန်အိတ်နှင့် ဘုရားဆင်းတုတော်များလှူဒါန်း
===================================
ပျော်ဘွယ် ၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် ပန်းတောကျေးရွာမိဘပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဆန်နှင့်ဘုရားဆင်းတုတော်များလှူဒါန်းခဲ့သည်။

ဒေသခံရွာသူရွာသားများက မိမိတို့ကျေးရွာအုပ်စုအတွင်း ကျေးရွာချင်းဆက်လမ်းတံတားများ ၊ ကုန်ထုတ်လမ်းများ၊ ငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီများ ၊ သာသနိကအဆောက်အအုံများ နှင့် စာသင်ကျောင်းများ ပျက်စီးထိခိုက်ခဲ့မှုများအပါအဝင် ကျေးရွာနှင့်ပက်သက်သည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ကျေးရွာလိုအပ်ချက်များကို ဒေသခံရွာသူရွာသားများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။