ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီး အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ ျပည္သူေတြေပးလိုက္တဲ့ ယုံၾကည္မႈကို တန္ဖိုးထားၿပီး ေပးထားေသာ ကတိမ်ားကို အစြမ္းကုန္ႀကိဳးစားေဖာ္ေဆာင္ရန္ေျပာၾကား




ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီး အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ ျပည္သူေတြေပးလိုက္တဲ့ ယုံၾကည္မႈကို တန္ဖိုးထားၿပီး ေပးထားေသာ ကတိမ်ားကို အစြမ္းကုန္ႀကိဳးစားေဖာ္ေဆာင္ရန္ေျပာၾကား
=====================
ေဖေဖၚဝါရီ ၅၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီေကာ္မတီဝင္ ဦးခင္ေမာင္စိုးတို႔သည္ ၄-၂-၂၀၂၆ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ ျပဳလုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ႏွင့္ တိုင္းရင္းသားလူမ်ိဳးစုလႊတ္ေတာ္မ်ားတြင္ အႏိုင္ရရွိခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ပါသည္။
အခမ္းအနားကို တက္ေရာက္လာသူအားလုံးမွ ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ အမွာစကားေျပာၾကားရာ ယခုလို ပါတီကိုယ္စားျပဳ အေ႐ြးခ်ယ္ခံရသည့္ အႏိုင္ရပါတီကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံရသည့္အတြက္ ဂုဏ္ယူရပါေၾကာင္း၊ ယခုရရွိသည့္ ေအာင္ျမင္မႈရလဒ္သည္ လြယ္လင့္တကူရရွိခဲ့တာမဟုတ္ေၾကာင္း၊ မိမိတို႔ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕မွ (၃)ႏွစ္တာကာလအတြင္း ျပည္သူလူထု ယုံၾကည္မႈရရွိေအာင္ လိုအပ္သည့္အရာမ်ားကို အဆင့္ဆင့္အခက္အခဲမ်ားၾကားမွ ႀကိဳးစားလာရသည္သိကို သိရွိရန္လိုေၾကာင္း၊ ျပည္သူေတြေပးလိုက္တဲ့ ယုံၾကည္မႈကို တန္ဖိုးထားၿပီး ေပးထားေသာ ကတိမ်ားကို အစြမ္းကုန္ႀကိဳးစားေဖာ္ေဆာင္ရန္လိုေၾကာင္း၊ ယခုရရွိသည့္ ရလဒ္မ်ားထက္ ေရရွည္ပိုမိုေအာင္ျမင္မႈရရွိေရး ေဆာင္႐ြက္ၾကရန္ ေျပာၾကားပါသည္။
ထို႔ေနာက္ ပါတီဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏႈိင္းေရးမႉး ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးေမာင္ျမင့္တို႔မွလည္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ သိထားသင့္သည့္ ဥပေဒအေၾကာင္းအရာမ်ား၊ လႊတ္ေတာ္တြင္း ေဆာင္႐ြက္ရသည့္ အခန္းက႑မ်ားႏွင့္ လိုက္နာရမည့္ ေဆာင္ရန္ ေရွာင္ရန္အခ်က္မ်ား၊ ပါတီႏွင့္ လႊတ္ေတာ္ ပူးေပါင္းေဆာင္႐ြက္ရမည့္က႑မ်ားအား အက်ယ္တဝံ့ရွင္းေျပာၾကားပါသည္။
အဆိုပါ ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီေကာ္မတီဝင္ ဦးခင္ေမာင္စိုး၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ႏွင့္ တိုင္းရင္းသားလူမ်ိဳးစုလႊတ္ေတာ္မ်ားတြင္ အႏိုင္ရရွိခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီတာဝန္ရွိသူမ်ား၊ စုစုေပါင္း (၁၂၀)ဦး တက္ေရာက္ခဲ့ၿပီး ေန႔လည္ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္တြင္ အခမ္းအနားၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ ပြည်သူတွေပေးလိုက်တဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး ပေးထားသော ကတိများကို အစွမ်းကုန်ကြိုးစားဖော်ဆောင်ရန်ပြောကြား
=====================
ဖေဖေါ်ဝါရီ ၅၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင်ကော်မတီကော်မတီဝင် ဦးခင်မောင်စိုးတို့သည် ၄-၂-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစုလွှတ်တော်များတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
အခမ်းအနားကို တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အမှာစကားပြောကြားရာ ယခုလို ပါတီကိုယ်စားပြု အရွေးချယ်ခံရသည့် အနိုင်ရပါတီကိုယ်စားလှယ်များနှင့် တွေ့ဆုံရသည့်အတွက် ဂုဏ်ယူရပါကြောင်း၊ ယခုရရှိသည့် အောင်မြင်မှုရလဒ်သည် လွယ်လင့်တကူရရှိခဲ့တာမဟုတ်ကြောင်း၊ မိမိတို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ (၃)နှစ်တာကာလအတွင်း ပြည်သူလူထု ယုံကြည်မှုရရှိအောင် လိုအပ်သည့်အရာများကို အဆင့်ဆင့်အခက်အခဲများကြားမှ ကြိုးစားလာရသည်သိကို သိရှိရန်လိုကြောင်း၊ ပြည်သူတွေပေးလိုက်တဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး ပေးထားသော ကတိများကို အစွမ်းကုန်ကြိုးစားဖော်ဆောင်ရန်လိုကြောင်း၊ ယခုရရှိသည့် ရလဒ်များထက် ရေရှည်ပိုမိုအောင်မြင်မှုရရှိရေး ဆောင်ရွက်ကြရန် ပြောကြားပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်တို့မှလည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သိထားသင့်သည့် ဥပဒေအကြောင်းအရာများ၊ လွှတ်တော်တွင်း ဆောင်ရွက်ရသည့် အခန်းကဏ္ဍများနှင့် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ ပါတီနှင့် လွှတ်တော် ပူးပေါင်းဆောင်ရွက်ရမည့်ကဏ္ဍများအား အကျယ်တဝံ့ရှင်းပြောကြားပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင်ကော်မတီကော်မတီဝင် ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစုလွှတ်တော်များတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများ၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




