ေက်ာက္ကပ္ေရာဂါေၾကာင့္ ႏွလုံးပ်က္စီးရတဲ့ အေၾကာင္းရင္းအသစ္ကိုရွာေဖြေတြ႕ရွိ

ေက်ာက္ကပ္ေရာဂါေၾကာင့္ ႏွလုံးပ်က္စီးရတဲ့ အေၾကာင္းရင္းအသစ္ကိုရွာေဖြေတြ႕ရွိ
=====================
နာတာရွည္ ေက်ာက္ကပ္ေရာဂါရွိသူ ေတြမွာ ႏွလုံးကိုပ်က္စီးေစႏိုင္တဲ့ အဆိပ္ သင့္အခ်က္ျပမႈေတြကို ေက်ာက္ကပ္က တိတ္တဆိတ္ေပးပို႔တာဟာ ႏွလုံးေရာဂါ ျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းျဖစ္တယ္ လို႔ သိပၸံပညာရွင္မ်ားကေတြ႕ရွိပါတယ္။

UVA Health နဲ႔ Mount Sinai တို႔မွ သုေတသနအဖြဲ႕က ေက်ာက္ကပ္ေရာဂါ သည္ထက္ဝက္ေက်ာ္ အသက္ဆုံးရႈံးရတဲ့ အေၾကာင္းရင္းကို Circulation သိပၸံဂ်ာနယ္ မွာ ေဖာ္ျပလိုက္တာပါ။ ေက်ာက္ကပ္ပ်က္စီး လာတဲ့အခါ ေသြးေၾကာထဲ Extracellular Vesicles လို႔ေခၚတဲ့ အမႈန္အမႊားေတြကို ထုတ္လႊတ္ၿပီး အဲဒီအမႈန္ေတြမွာပါဝင္တဲ့ miRNA ေတြက ႏွလုံးတစ္သွ်ဴးေတြကို တိုက္ ႐ိုက္အဆိပ္သင့္ေစတယ္ဆိုတာ ဓာတ္ခြဲခန္းစမ္းသပ္မႈေတြအရ သိရပါတယ္။

ေက်ာက္ကပ္နဲ႔ ႏွလုံးေရာဂါဟာ တိတ္ တဆိတ္ျဖစ္ပြားေလ့ရွိတာေၾကာင့္ အခုလို ေတြ႕ရွိခ်က္ဟာ လူနာေတြကို ႀကိဳတင္သိရွိကုသဖို႔အတြက္အေထာက္အကူျပဳႏိုင္မယ္ လို႔သုေတသီမ်ားကဆိုပါတယ္။ ဓာတ္ခြဲခန္း ႂကြက္ေတြမွာ အဲဒီအမႈန္ေတြ စီးဆင္းမႈကို ပိတ္ဆို႔လိုက္တဲ့အခါ ႏွလုံးလုပ္ေဆာင္ခ်က္ သိသိသာသာေကာင္းမြန္လာတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒီရွာေဖြေတြ႕ရွိမႈေၾကာင့္ ေနာင္မွာ ေသြးစစ္႐ုံနဲ႔ ႏွလုံးထိခိုက္ႏိုင္ေျခ ရွိသူေတြကို ေစာေစာစီးစီးသိႏိုင္ေတာ့မွာ ျဖစ္သလို ေက်ာက္ကပ္ေရာဂါသည္ေတြ အတြက္ ကုသမႈအသစ္ေတြေပၚေပါက္လာ ႏိုင္ပါတယ္။

Ref: STD


ကျောက်ကပ်ရောဂါကြောင့် နှလုံးပျက်စီးရတဲ့ အကြောင်းရင်းအသစ်ကိုရှာဖွေတွေ့ရှိ
=====================
နာတာရှည် ကျောက်ကပ်ရောဂါရှိသူ တွေမှာ နှလုံးကိုပျက်စီးစေနိုင်တဲ့ အဆိပ် သင့်အချက်ပြမှုတွေကို ကျောက်ကပ်က တိတ်တဆိတ်ပေးပို့တာဟာ နှလုံးရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ် လို့ သိပ္ပံပညာရှင်များကတွေ့ရှိပါတယ်။

UVA Health နဲ့ Mount Sinai တို့မှ သုတေသနအဖွဲ့က ကျောက်ကပ်ရောဂါ သည်ထက်ဝက်ကျော် အသက်ဆုံးရှုံးရတဲ့ အကြောင်းရင်းကို Circulation သိပ္ပံဂျာနယ် မှာ ဖော်ပြလိုက်တာပါ။ ကျောက်ကပ်ပျက်စီး လာတဲ့အခါ သွေးကြောထဲ Extracellular Vesicles လို့ခေါ်တဲ့ အမှုန်အမွှားတွေကို ထုတ်လွှတ်ပြီး အဲဒီအမှုန်တွေမှာပါဝင်တဲ့ miRNA တွေက နှလုံးတစ်သျှူးတွေကို တိုက် ရိုက်အဆိပ်သင့်စေတယ်ဆိုတာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ သိရပါတယ်။

ကျောက်ကပ်နဲ့ နှလုံးရောဂါဟာ တိတ် တဆိတ်ဖြစ်ပွားလေ့ရှိတာကြောင့် အခုလို တွေ့ရှိချက်ဟာ လူနာတွေကို ကြိုတင်သိရှိကုသဖို့အတွက်အထောက်အကူပြုနိုင်မယ် လို့သုတေသီများကဆိုပါတယ်။ ဓာတ်ခွဲခန်း ကြွက်တွေမှာ အဲဒီအမှုန်တွေ စီးဆင်းမှုကို ပိတ်ဆို့လိုက်တဲ့အခါ နှလုံးလုပ်ဆောင်ချက် သိသိသာသာကောင်းမွန်လာတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကြောင့် နောင်မှာ သွေးစစ်ရုံနဲ့ နှလုံးထိခိုက်နိုင်ခြေ ရှိသူတွေကို စောစောစီးစီးသိနိုင်တော့မှာ ဖြစ်သလို ကျောက်ကပ်ရောဂါသည်တွေ အတွက် ကုသမှုအသစ်တွေပေါ်ပေါက်လာ နိုင်ပါတယ်။

Ref: STD