လိဂ္ဖလားဗိုလ္လုပြဲမွာ မန္စီးတီးႏွင့္ အာဆင္နယ္ ေတြ႕ဆုံ

လိဂ္ဖလားဗိုလ္လုပြဲမွာ မန္စီးတီးႏွင့္ အာဆင္နယ္ ေတြ႕ဆုံ
==================
ယေန႔နံနက္အေစာပိုင္းက ကစားခဲ့တဲ့ အဂၤလန္လိဂ္ဖလားေခၚ ကာရာေဘာင္းဖလား အႀကိဳဗိုလ္လုပြဲ ဒုတိယအေက်ာ့မွာ မန္ခ်က္စတာစီးတီးအသင္းက နယူးကာဆယ္ အသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲကို တက္သြားပါတယ္။ ဒါေၾကာင့္ ဗိုလ္လုပြဲမွာ အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရေတာ့မွာျဖစ္ပါတယ္။ လိဂ္ဖလား ဗိုလ္လုပြဲမွာ ေတြ႕မဲ့ အာဆင္နယ္နဲ႔ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္မွာလည္း အမွတ္ေပးဇယား အဆင့္ ၁ နဲ႔ ၂ မွာ အသီးသီး ရပ္တည္ေနတဲ့ အသင္းေတြ ျဖစ္ပါတယ္။ အဆိုပါၿပိဳင္ပြဲကို မတ္လ ၂၂ရက္ ျမန္မာစံေတာ္ခ်ိန္ (၉:၃၀)နာရီအခ်ိန္တြင္ ယွဥ္ၿပိဳင္ကစားသြားမွာလည္းျဖစ္ပါတယ္။
လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးနှင့် အာဆင်နယ် တွေ့ဆုံ
==================
ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားခေါ် ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ မန်ချက်စတာစီးတီးအသင်းက နယူးကာဆယ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာဖြစ်ပါတယ်။ လိဂ်ဖလား ဗိုလ်လုပွဲမှာ တွေ့မဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ မှာ အသီးသီး ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို မတ်လ ၂၂ရက် မြန်မာစံတော်ချိန် (၉:၃၀)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။



