ထရမ့္ကို လုပ္ႀကံရန္ ႀကိဳးပမ္းသူ ေထာင္တစ္သက္အျပင္ အပိုေဆာင္း ေထာင္ဒဏ္ ၇ ႏွစ္ပါ အျပစ္ေပးခံရ

ထရမ့္ကို လုပ္ႀကံရန္ ႀကိဳးပမ္းသူ ေထာင္တစ္သက္အျပင္ အပိုေဆာင္း ေထာင္ဒဏ္ ၇ ႏွစ္ပါ အျပစ္ေပးခံရ
=======================
ဖေလာ္ရီဒါျပည္နယ္၊ West Palm Beach ရွိ ေဂါက္သီး႐ိုက္ကလပ္တြင္ ထိုစဥ္က ရီပတ္ဘလီကန္ သမၼတေလာင္းျဖစ္သူ ေဒၚနယ္ထရမ့္ကို လုပ္ႀကံရန္ ႀကိဳးပမ္းမႈျဖင့္ တရားခံ Ryan Wesley Routh ကို ေထာင္ဒဏ္တစ္သက္ႏွင့္ အျပင္ အပိုေဆာင္း ေထာင္ဒဏ္ ၇ ႏွစ္ ပါ က်ခံေစရန္ အမိန႔္ကို ယမန္ေန႔ ဗုဒၶဟူးေန႔ကခ်မွတ္လိုက္သည္။

အသက္ ၅၉ ႏွစ္အ႐ြယ္ရွိ Routh ကို သမၼတေ႐ြးေကာက္ပြဲ ကမ္ပိန္းကာလအတြင္း သမၼတေဟာင္းတစ္ဦးအား လုပ္ႀကံရန္ ႀကိဳးပမ္းမႈ အပါအဝင္ ဖက္ဒရယ္ျပစ္မႈ ၅ ခုျဖင့္ စက္တင္ဘာ ၂၃ ရက္ေန႔တြင္ ဖေလာ္ရီဒါ ဂ်ဴရီလူႀကီးမ်ားက အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

တရားလိုဘက္မွ တင္ျပခ်က္အရ Routh သည္ ေဒၚနယ္ထရမ့္ ေဂါက္သီး႐ိုက္ေနစဥ္ ခ်ဳံပုတ္မ်ားၾကားမွ ႐ိုင္ဖယ္ေသနတ္ျဖင့္ ခ်ိန္႐ြယ္ျခင္းမျပဳမီ ထရမ့္ကို သတ္ျဖတ္ရန္ ရက္သတၱပတ္ေပါင္းမ်ားစြာ ႀကိဳတင္ႀကံစည္ခဲ့ေၾကာင္း သိရသည္။ သိုေသာ္ Routh သည္ ေသနတ္ျဖင့္ တစ္ခ်က္မွ် ပစ္ခတ္ခြင့္မရခဲ့ေပ။

ယခုလုပ္ႀကံရန္ ႀကိဳးပမ္းမႈျဖစ္စဥ္ေနာက္ပိုင္း လွ်ိဝွက္ေထာက္လွမ္းေရးအဖြဲသည္ ထရမ့္၏ လုံၿခဳံေရးကို သိသိသာသာ တိုးျမႇင့္ခဲ့သည္။ လႊတ္ေတာ္ကလည္း ဒ႐ုန္းမ်ား ႏွင့္ အဆင့္ျမင့္ ေစာင့္ၾကည့္ေရးနည္းပညာမ်ားကို ပိုမိုအသုံးျပဳ၍ လုံၿခဳံေရး အားေကာင္းေစမည့္ ဥပေဒၾကမ္းမ်ားကို ကန႔္ကြက္သူမရွိ အတည္ျပဳခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ဇန္နဝါရီလတြင္ အိမ္ျဖဴေတာ္သို ျပန္လည္ေရာက္ရွိလာခ်ိန္မွစ၍ ထရမ့္သည္ အျမင့္ဆုံးအဆင့္ လုံၿခဳံေရးကို ျပန္လည္ရရွိခဲ့သည္။ ၎မွာ “ပိုမိုအႏၲရာယ္မ်ားၿပီး ခန႔္မွန္းရခက္သည့္ ၿခိမ္းေျခာက္မႈပတ္ဝန္းက်င္” ကို ေျဖရွင္းရန္ လိုအပ္ေသာေၾကာင့္ျဖစ္ေၾကာင္း အဆိုပါေအဂ်င္စီက ေျပာၾကားခဲ့သည္။

တရားေရးဌာန၏ ထုတ္ျပန္ခ်က္တြင္ ဖေလာ္ရီဒါေတာင္ပိုင္းခ႐ိုင္ အစိုးရေရွ႕ေန Jason A. Reding Quiñones က “ဒီတစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ဟာ အေျခခံက်တဲ့ အမွန္တရားတစ္ခုကို ထင္ဟပ္ေနပါတယ္၊ အဲဒါကေတာ့ ႏိုင္ငံေရးအၾကမ္းဖက္မႈဆိုတာ အေမရိကန္လူမ်ိဳးေတြရဲ႕ စံႏႈန္းမဟုတ္သလို ဘယ္ေတာ့မွလည္း လက္ခံမွာမဟုတ္ဘူးဆိုတာပါပဲ” ဟု ေျပာၾကားခဲ့သည္။

သူက ဆက္လက္၍ “သမၼတေလာင္းတစ္ဦးကို လုပ္ႀကံရန္ ႀကိဳးပမ္းျခင္းသည္ ကြၽႏ္ုပ္တို၏ ဒီမိုကေရစီလုပ္ငန္းစဥ္ႏွင့္ တရားဥပေဒစိုးမိုးေရးကို တိုက္ခိုက္ျခင္းပင္ျဖစ္သည္။ ဤလုပ္ႀကံရန္ ႀကိဳးပမ္းမႈကို လုံၿခဳံေရးအဖြဲမွ အထူးကိုယ္စားလွယ္ Robert Fercano ၏ သတၱိႏွင့္ ကြၽမ္းက်င္မႈတိုျဖင့္ တားဆီးႏိုင္ခဲ့သည္။ ၎၏ ျပတ္သားေသာ လုပ္ေဆာင္ခ်က္မ်ားက အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ခဲ့ၿပီး ႏိုင္ငံေတာ္အဆင့္ ေၾကကြဲဖြယ္ျဖစ္ရပ္ကိုလည္း ကာကြယ္ႏိုင္ခဲ့သည္။ ယေန႔ ခ်မွတ္လိုက္သည့္ ေထာင္ဒဏ္တစ္သက္ အမိန႔္သည္ တရားခံအေနျဖင့္ ျပည္သူ႔လုံၿခဳံေရးကို ေနာက္ေနာင္ မည္သည့္အခါမွ် ၿခိမ္းေျခာက္ႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ေသခ်ာေစသလို၊ မိမိတို၏ ယုံၾကည္ခ်က္အတြက္ အၾကမ္းဖက္မႈကို ေ႐ြးခ်ယ္သူမ်ားသည္ ျပတ္သားၿပီး မလြဲမေသြေသာ တရားစီရင္မႈကို ရင္ဆိုင္ရမည္ဆိုသည့္ ရွင္းလင္းေသာသတင္းစကားကိုလည္း ေပးလိုက္ျခင္းျဖစ္သည္” ဟု ဆိုသည္။
#Popular


ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းသူ ထောင်တစ်သက်အပြင် အပိုဆောင်း ထောင်ဒဏ် ၇ နှစ်ပါ အပြစ်ပေးခံရ
=======================
ဖလော်ရီဒါပြည်နယ်၊ West Palm Beach ရှိ ဂေါက်သီးရိုက်ကလပ်တွင် ထိုစဉ်က ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် တရားခံ Ryan Wesley Routh ကို ထောင်ဒဏ်တစ်သက်နှင့် အပြင် အပိုဆောင်း ထောင်ဒဏ် ၇ နှစ် ပါ ကျခံစေရန် အမိန့်ကို ယမန်နေ့ ဗုဒ္ဓဟူးနေ့ကချမှတ်လိုက်သည်။

အသက် ၅၉ နှစ်အရွယ်ရှိ Routh ကို သမ္မတရွေးကောက်ပွဲ ကမ်ပိန်းကာလအတွင်း သမ္မတဟောင်းတစ်ဦးအား လုပ်ကြံရန် ကြိုးပမ်းမှု အပါအဝင် ဖက်ဒရယ်ပြစ်မှု ၅ ခုဖြင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖလော်ရီဒါ ဂျူရီလူကြီးများက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တရားလိုဘက်မှ တင်ပြချက်အရ Routh သည် ဒေါ်နယ်ထရမ့် ဂေါက်သီးရိုက်နေစဉ် ချုံပုတ်များကြားမှ ရိုင်ဖယ်သေနတ်ဖြင့် ချိန်ရွယ်ခြင်းမပြုမီ ထရမ့်ကို သတ်ဖြတ်ရန် ရက်သတ္တပတ်ပေါင်းများစွာ ကြိုတင်ကြံစည်ခဲ့ကြောင်း သိရသည်။ သိုသော် Routh သည် သေနတ်ဖြင့် တစ်ချက်မျှ ပစ်ခတ်ခွင့်မရခဲ့ပေ။

ယခုလုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း လျှိဝှက်ထောက်လှမ်းရေးအဖွဲသည် ထရမ့်၏ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ခဲ့သည်။ လွှတ်တော်ကလည်း ဒရုန်းများ နှင့် အဆင့်မြင့် စောင့်ကြည့်ရေးနည်းပညာများကို ပိုမိုအသုံးပြု၍ လုံခြုံရေး အားကောင်းစေမည့် ဥပဒေကြမ်းများကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို ပြန်လည်ရောက်ရှိလာချိန်မှစ၍ ထရမ့်သည် အမြင့်ဆုံးအဆင့် လုံခြုံရေးကို ပြန်လည်ရရှိခဲ့သည်။ ၎င်းမှာ “ပိုမိုအန္တရာယ်များပြီး ခန့်မှန်းရခက်သည့် ခြိမ်းခြောက်မှုပတ်ဝန်းကျင်” ကို ဖြေရှင်းရန် လိုအပ်သောကြောင့်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖလော်ရီဒါတောင်ပိုင်းခရိုင် အစိုးရရှေ့နေ Jason A. Reding Quiñones က “ဒီတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဟာ အခြေခံကျတဲ့ အမှန်တရားတစ်ခုကို ထင်ဟပ်နေပါတယ်၊ အဲဒါကတော့ နိုင်ငံရေးအကြမ်းဖက်မှုဆိုတာ အမေရိကန်လူမျိုးတွေရဲ့ စံနှုန်းမဟုတ်သလို ဘယ်တော့မှလည်း လက်ခံမှာမဟုတ်ဘူးဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

သူက ဆက်လက်၍ “သမ္မတလောင်းတစ်ဦးကို လုပ်ကြံရန် ကြိုးပမ်းခြင်းသည် ကျွန်ုပ်တို၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ဤလုပ်ကြံရန် ကြိုးပမ်းမှုကို လုံခြုံရေးအဖွဲမှ အထူးကိုယ်စားလှယ် Robert Fercano ၏ သတ္တိနှင့် ကျွမ်းကျင်မှုတိုဖြင့် တားဆီးနိုင်ခဲ့သည်။ ၎င်း၏ ပြတ်သားသော လုပ်ဆောင်ချက်များက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး နိုင်ငံတော်အဆင့် ကြေကွဲဖွယ်ဖြစ်ရပ်ကိုလည်း ကာကွယ်နိုင်ခဲ့သည်။ ယနေ့ ချမှတ်လိုက်သည့် ထောင်ဒဏ်တစ်သက် အမိန့်သည် တရားခံအနေဖြင့် ပြည်သူ့လုံခြုံရေးကို နောက်နောင် မည်သည့်အခါမျှ ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ကြောင်း သေချာစေသလို၊ မိမိတို၏ ယုံကြည်ချက်အတွက် အကြမ်းဖက်မှုကို ရွေးချယ်သူများသည် ပြတ်သားပြီး မလွဲမသွေသော တရားစီရင်မှုကို ရင်ဆိုင်ရမည်ဆိုသည့် ရှင်းလင်းသောသတင်းစကားကိုလည်း ပေးလိုက်ခြင်းဖြစ်သည်” ဟု ဆိုသည်။
#Popular