ေစတုတၱရာကို ဗဟိုျပဳၿပီး အင္အားျပင္း ငလ်င္ ၂ ႀကိမ္လႈပ္ခတ္

ေစတုတၱရာကို ဗဟိုျပဳၿပီး အင္အားျပင္း ငလ်င္ ၂ ႀကိမ္လႈပ္ခတ္
=======================
ရခိုင္ျပည္နယ္ ႏွင့္ မေကြးတိုင္းထဲက ၿမိဳ႕ႏွစ္ၿမိဳ႕ အနီးကို ဗဟိုျပဳၿပီး မေန႔က ညပိုင္းမွာ အင္အားျပင္း ငလ်င္ ၂ ႀကိမ္လႈပ္ခတ္သြားတယ္လို ေျမငလ်င္သတင္းမ်ား စင္တာရဲ႕ ထုတ္ျပန္သတိေပးခ်က္အရ သိရပါတယ္။

ည ၁၀ နာရီ ၄ မိနစ္အခ်ိန္မွာ ေစတုတၱရာၿမိဳႏွင့္ မိုင္ ၂၀ အကြာ ေျမေအာက္အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အား ၆.၀ အဆင့္ ငလ်င္ လႈပ္ခတ္ခဲ့ၿပီး သိသိသာသာခံစားခဲ့ရတယ္လို ေဒသခံေတြက မွ်ေဝထားၾကပါတယ္။

ထို႔ျပင္ ည ၁၀ နာရီ ၂၁ မိနစ္မွာ ရခိုင္ျပည္နယ္ ေျမပုံၿမိဳနဲ႔ ၁၈ မိုင္အကြာကို ဗဟိုျပဳၿပီး အင္အား ၅.၄ အဆင့္ရွိတဲ့ ေျမငလ်င္ တစ္ႀကိမ္ ထပ္မံလႈပ္ခတ္ခဲ့တယ္လို ေျမငလ်င္သတင္းမ်ား စင္တာက အသိေပးထားပါတယ္။


စေတုတ္တရာကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် ၂ ကြိမ်လှုပ်ခတ်
=======================
ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းထဲက မြို့နှစ်မြို့ အနီးကို ဗဟိုပြုပြီး မနေ့က ညပိုင်းမှာ အင်အားပြင်း ငလျင် ၂ ကြိမ်လှုပ်ခတ်သွားတယ်လို မြေငလျင်သတင်းများ စင်တာရဲ့ ထုတ်ပြန်သတိပေးချက်အရ သိရပါတယ်။

ည ၁၀ နာရီ ၄ မိနစ်အချိန်မှာ စေတုတ္တရာမြိုနှင့် မိုင် ၂၀ အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၆.၀ အဆင့် ငလျင် လှုပ်ခတ်ခဲ့ပြီး သိသိသာသာခံစားခဲ့ရတယ်လို ဒေသခံတွေက မျှဝေထားကြပါတယ်။

ထို့ပြင် ည ၁၀ နာရီ ၂၁ မိနစ်မှာ ရခိုင်ပြည်နယ် မြေပုံမြိုနဲ့ ၁၈ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၅.၄ အဆင့်ရှိတဲ့ မြေငလျင် တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို မြေငလျင်သတင်းများ စင်တာက အသိပေးထားပါတယ်။