စပိန္၌ ၁၆ ႏွစ္ေအာက္ကေလးမ်ားကို ဆိုရွယ္မီဒီယာသုံးခြင့္ ပိတ္မည္

စပိန္၌ ၁၆ ႏွစ္ေအာက္ကေလးမ်ားကို ဆိုရွယ္မီဒီယာသုံးခြင့္ ပိတ္မည္
=================
Feb; 4
စပိန္ႏိုင္ငံသည္ အသက္ ၁၆ ေအာက္ အ႐ြယ္မေရာက္ေသးသူမ်ားကို ဆိုရွယ္မီဒီယာ အသုံးျပဳခြင့္ကို ပိတ္ပင္မည္ျဖစ္ၿပီး ပလက္ေဖာင္းမ်ားအေနျဖင့္ အသက္အ႐ြယ္ကိုစိစစ္၍ အတည္ျပဳ‌ေသာစနစ္မ်ားကို အေကာင္အထည္ေဖာ္ရမည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလ ၃ ရက္ ေန႔တြင္ ဒူဘိုင္း၌ က်င္းပသည့္ ကမာၻ႔အစိုးရထိပ္သီးအစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ိုဆန္‌ေရွးက ေျပာၾကားခဲ့သည္။

မိမိတို႔၏ ကေလးမ်ားသည္ တစ္ကိုယ္တည္းသြားေရာက္ရန္ လုံးဝမေလ်ာ္ကန္ေသာ ေနရာတစ္ခုႏွင့္ အကာအကြယ္မဲ့ေနၿပီး ယင္းကို မိမိတို႔ လက္ခံေတာ့မည္မဟုတ္ေၾကာင္း ၎က ေျပာၾကားခဲ့ၿပီး “ဒစ္ဂ်စ္တယ္အႏၲရာယ္ေတာကေန သူတို႔ကို ကာကြယ္သြားပါမယ္” ဟု ဆိုခဲ့သည္။

တရားမဝင္ ေသာ အေၾကာင္းအရာမ်ား ႏွင့္ အမုန္းတရားအေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ ဆိုရွယ္မီဒီယာအမႈေဆာင္မ်ားကို တာဝန္ခံေစရန္အတြက္ ေနာက္သီတင္းပတ္တြင္ ဥပေဒၾကမ္းအသစ္တစ္ခုကို စတင္က်င့္သုံးသြားမည္ဟုလည္း ၎က ေျပာၾကားခဲ့သည္။

ဒီဇင္ဘာလတြင္ ၾသစေၾတးလ်ႏိုင္ငံသည္ အသက္ ၁၆ ႏွစ္ေအာက္ကေလးမ်ားကို ဆိုရွယ္မီဒီယာသုံးခြင့္ပိတ္ပင္သည့္ ပထမဆုံးႏိုင္ငံျဖစ္လာခဲ့သည္။

ထိုသို႔ ပိတ္ပင္ျခင္းသည္ ၿဗိတိန္ႏွင့္ ျပင္သစ္ကဲ့သို႔ အလားတူအသက္အ႐ြယ္အေပၚ အေျခခံသည့္ အစီအမံမ်ားအတြက္ စဥ္းစားေနေသာ အျခားႏိုင္ငံမ်ားက အနီးကပ္ေစာင့္ၾကည့္ေနသည့္ လုပ္ေဆာင္ခ်က္ျဖစ္သည္။ #Popular


စပိန်၌ ၁၆ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်မည်
=================
Feb; 4
စပိန်နိုင်ငံသည် အသက် ၁၆ အောက် အရွယ်မရောက်သေးသူများကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး ပလက်ဖောင်းများအနေဖြင့် အသက်အရွယ်ကိုစိစစ်၍ အတည်ပြု‌ေသာစနစ်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ဒူဘိုင်း၌ ကျင်းပသည့် ကမ္ဘာ့အစိုးရထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် ပက်ဒရိုဆန်‌ေရှးက ပြောကြားခဲ့သည်။

မိမိတို့၏ ကလေးများသည် တစ်ကိုယ်တည်းသွားရောက်ရန် လုံးဝမလျော်ကန်သော နေရာတစ်ခုနှင့် အကာအကွယ်မဲ့နေပြီး ယင်းကို မိမိတို့ လက်ခံတော့မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး “ဒစ်ဂျစ်တယ်အန္တရာယ်တောကနေ သူတို့ကို ကာကွယ်သွားပါမယ်” ဟု ဆိုခဲ့သည်။

တရားမဝင် သော အကြောင်းအရာများ နှင့် အမုန်းတရားအကြောင်းအရာများနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာအမှုဆောင်များကို တာဝန်ခံစေရန်အတွက် နောက်သီတင်းပတ်တွင် ဥပဒေကြမ်းအသစ်တစ်ခုကို စတင်ကျင့်သုံးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံသည် အသက် ၁၆ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ထိုသို့ ပိတ်ပင်ခြင်းသည် ဗြိတိန်နှင့် ပြင်သစ်ကဲ့သို့ အလားတူအသက်အရွယ်အပေါ် အခြေခံသည့် အစီအမံများအတွက် စဉ်းစားနေသော အခြားနိုင်ငံများက အနီးကပ်စောင့်ကြည့်နေသည့် လုပ်ဆောင်ချက်ဖြစ်သည်။ #Popular