ONE Friday Fights 141 ၿပိဳင္ပြဲမွာ ရဲရင့္ေနာင္၊ ေစာမင္းမင္း၊ လင္းထက္ေအာင္တိုရဲ႕ တြဲဆိုင္းေတြ ပါဝင္လာ


ONE Friday Fights 141 ၿပိဳင္ပြဲမွာ ရဲရင့္ေနာင္၊ ေစာမင္းမင္း၊ လင္းထက္ေအာင္တိုရဲ႕ တြဲဆိုင္းေတြ ပါဝင္လာ
======================
ONE Friday Fights 141 ၿပိဳင္ပြဲမွာ ျမန္မာဖိုက္တာ သုံးဦးျဖစ္တဲ့ ရဲရင့္ေနာင္၊ ေစာမင္းမင္း၊ လင္းထက္ေအာင္တို ရဲ႕ တြဲဆိုင္းေတြ ပါဝင္လာမွာ ျဖစ္ပါတယ္။
ၿပိဳင္ပြဲကို လာမယ့္ေဖေဖာ္ဝါရီ ၆ ရက္၊ ေသာၾကာညမွာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳရွိ လုမၼဏီအား ကစား႐ုံမွာ က်င္းပမွာျဖစ္ပါတယ္။
ၿပိဳင္ပြဲကို တြဲဆိုင္း ၁၄ ဆိုင္း ထည့္သြင္းက်င္းပမွာျဖစ္ၿပီး ျမန္မာဖိုက္တာ သုံးဦးရဲ႕ တြဲဆိုင္းေတြကိုလည္း ထည့္သြင္းထားျခင္းျဖစ္ပါတယ္။
ျမန္မာဖိုက္တာ ရဲရင့္ေနာင္ဟာ မေလးရွား/ အေမရိကန္ဖိုက္တာ ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ)၊ ျမန္မာဖိုက္ တာ ေစာမင္းမင္းဟာ ထိုင္းဖိုက္တာ ဒတ္ခ်ာဝလစ္၊ ျမန္မာဖိုက္တာ လင္းထက္ေအာင္ဟာ ဂ်ပန္ဖိုက္တာ ဟာရာယုကီတာနစ္ဆုနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကရမွာ ျဖစ္ပါတယ္။
ရဲရင့္ေနာင္နဲ႔ ထိုးသတ္မယ့္ မေလးရွား /အေမရိကန္ဖိုက္တာ ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ) ဟာ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ လူငယ္ဖိုက္တာျဖစ္ၿပီး ONE Championship မွာ ေဒၚလာ တစ္သိန္းတန္စာခ်ဳပ္ ရရွိထားသူျဖစ္ပါတယ္။
ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ) ဟာ ONE Championship မွာ ပထမဆုံးပြဲအျဖစ္ လြန္ခဲ့တဲ့ သုံးႏွစ္ျဖစ္တဲ့ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီအတြင္းက (အသက္ ၁၆ ႏွစ္သာရွိေသး) ONE Friday Fights 6 ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ဖိုက္တာကို (၁၆) စကၠန႔္နဲ႔ အလဲထိုးခဲ့ပါတယ္။
ONE Championship ဟာ အဲ့ဒီပြဲအၿပီးမွာတင္ ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ) ကို ေဒၚလာ တစ္သိန္းတန္စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့တာျဖစ္ပါတယ္။
ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ) ဟာ ONE Championship မွာ ၁၀ ပြဲထိုးသတ္ထားၿပီး ခုနစ္ပြဲႏိုင္၊ သုံးပြဲရႈးနိမ့္ ထားကာ အႏိုင္ရရွိထားတဲ့ ခုနစ္ပြဲမွာ အလဲထိုးေျခာက္ပြဲ ပါဝင္ေနေၾကာင္း သိရပါတယ္။
ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ) ဟာ ေနာက္ဆုံးပြဲအျဖစ္ ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာအတြင္းက ေမာ္႐ိုကိုဖိုက္တာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ထားၿပီး ပထမအခ်ီမွာတင္ အလဲထိုးနဲ႔ အႏိုင္ရထားပါတယ္။
ျမန္မာဖိုက္တာ ရဲရင့္ေနာင္ဟာ ONE Championship မွာ အခုမွပထမဆုံးထိုးသတ္မွာ ဆိုေပမဲ့ သူဟာ Thai Fight League ေမြထိုင္းၿပိဳင္ပြဲေတြမွာ ထိုင္းႏိုင္ငံသား ေမြထိုင္းဖိုက္တာမ်ားအပါအဝင္ ႏိုင္ငံတကာေမြထိုင္းဖိုက္တာေပါင္းမ်ားစြာနဲ႔ ထိုးသတ္ဖူးတဲ့ ဝါရင့္ဖိုက္တာတစ္ဦးျဖစ္ပါတယ္။
ရဲရင့္ေနာင္ဟာ လက္ရွိမွာ ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီး ေမြထိုင္း ေလ့က်င့္ေရးစင္တာျဖစ္တဲ့ Venum Training Camp မွာ အဖြဲဝင္အသင္းသားအျဖစ္ ေလ့က်င့္ေနလ်က္ရွိပါတယ္။
ONE Friday Fights 141 ပြိုင်ပွဲမှာ ရဲရင့်နောင်၊ စောမင်းမင်း၊ လင်းထက်အောင်တိုရဲ့ တွဲဆိုင်းတွေ ပါဝင်လာ
======================
ONE Friday Fights 141 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သုံးဦးဖြစ်တဲ့ ရဲရင့်နောင်၊ စောမင်းမင်း၊ လင်းထက်အောင်တို ရဲ့ တွဲဆိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီ ၆ ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ လုမ္မဏီအား ကစားရုံမှာ ကျင်းပမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ သုံးဦးရဲ့ တွဲဆိုင်းတွေကိုလည်း ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
မြန်မာဖိုက်တာ ရဲရင့်နောင်ဟာ မလေးရှား/ အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို)၊ မြန်မာဖိုက် တာ စောမင်းမင်းဟာ ထိုင်းဖိုက်တာ ဒတ်ချာဝလစ်၊ မြန်မာဖိုက်တာ လင်းထက်အောင်ဟာ ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆုနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြရမှာ ဖြစ်ပါတယ်။
ရဲရင့်နောင်နဲ့ ထိုးသတ်မယ့် မလေးရှား /အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ လူငယ်ဖိုက်တာဖြစ်ပြီး ONE Championship မှာ ဒေါ်လာ တစ်သိန်းတန်စာချုပ် ရရှိထားသူဖြစ်ပါတယ်။
ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ ONE Championship မှာ ပထမဆုံးပွဲအဖြစ် လွန်ခဲ့တဲ့ သုံးနှစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအတွင်းက (အသက် ၁၆ နှစ်သာရှိသေး) ONE Friday Fights 6 ပြိုင်ပွဲမှာ ပြိုင်ဘက်ဖိုက်တာကို (၁၆) စက္ကန့်နဲ့ အလဲထိုးခဲ့ပါတယ်။
ONE Championship ဟာ အဲ့ဒီပွဲအပြီးမှာတင် ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ကို ဒေါ်လာ တစ်သိန်းတန်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။
ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ ONE Championship မှာ ၁၀ ပွဲထိုးသတ်ထားပြီး ခုနစ်ပွဲနိုင်၊ သုံးပွဲရှုးနိမ့် ထားကာ အနိုင်ရရှိထားတဲ့ ခုနစ်ပွဲမှာ အလဲထိုးခြောက်ပွဲ ပါဝင်နေကြောင်း သိရပါတယ်။
ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာအတွင်းက မော်ရိုကိုဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရထားပါတယ်။
မြန်မာဖိုက်တာ ရဲရင့်နောင်ဟာ ONE Championship မှာ အခုမှပထမဆုံးထိုးသတ်မှာ ဆိုပေမဲ့ သူဟာ Thai Fight League မွေထိုင်းပြိုင်ပွဲတွေမှာ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာများအပါအဝင် နိုင်ငံတကာမွေထိုင်းဖိုက်တာပေါင်းများစွာနဲ့ ထိုးသတ်ဖူးတဲ့ ဝါရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။
ရဲရင့်နောင်ဟာ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မွေထိုင်း လေ့ကျင့်ရေးစင်တာဖြစ်တဲ့ Venum Training Camp မှာ အဖွဲဝင်အသင်းသားအဖြစ် လေ့ကျင့်နေလျက်ရှိပါတယ်။




