ယူကရိန္း၌ အေအးဒဏ္ကို ျပင္းထန္စြာခံစားေနရခ်ိန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျပဳလုပ္ရန္ စီစဥ္

===================
ေဖေဖာ္ဝါရီ ၃
ယူကရိန္းႏိုင္ငံ၌ အေအးဒဏ္ကို ျပင္းထန္စြာခံစားေနရခ်ိန္ႏွင့္ စြမ္းအင္အခက္အခဲမ်ားႀကဳံေတြ႕ေနစဥ္ ႐ုရွားႏိုင္ငံႏွင့္ ယူကရိန္းႏိုင္ငံတို႔မွ ကိုယ္စားလွယ္အဖြဲ႕မ်ားအၾကားၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအသစ္မ်ားကို ေဖေဖာ္ဝါရီလ ၄ ရက္ ႏွင့္ ၅ ရက္တို႔တြင္ အဘူဒါဘီၿမိဳ႕၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ယူကရိန္းသမၼတ ဇာလန္းစကီ က ေဖေဖာ္ဝါရီလ ၁ ရက္ တြင္ေျပာသည္။
အေမရိကန္က ၾကားဝင္ေစ့စပ္ေပးသည့္ အဆိုပါသုံးပြင့္ဆိုင္ေဆြးေႏြးပြဲသည္ စစ္ပြဲကို ဂုဏ္သိကၡာရွိရွိ အဆုံးသတ္ႏိုင္ေရးအတြက္ ရည္႐ြယ္ျခင္းျဖစ္ၿပီး ညႇိႏႈိင္းေရးအဖြဲ႕သည္ အႏွစ္သာရရွိေသာ ေဆြးေႏြးမႈမ်ားအတြက္ အဆင္သင့္ျဖစ္ေနၿပီဟု ဇာလန္းစကီးက လူမႈကြန္ရက္မွတစ္ဆင့္ အတည္ျပဳထားသည္။
ဇန္နဝါရီလအတြင္း အဘူဒါဘီၿမိဳ႕၌ ပထမအေက်ာ့ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း နယ္ေျမပိုင္းျခားေရး ဆိုင္ရာကိစၥရပ္မ်ားတြင္ သေဘာထားကြဲလြဲမႈမ်ားရွိေနဆဲျဖစ္သည္။ တစ္ဖက္တြင္လည္း ယူကရိန္းႏိုင္ငံတစ္ဝန္း၌ အပူခ်ိန္မွာ အႏုတ္ ၃ဝ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းသြားႏိုင္ေၾကာင္း မိုးေလဝသဌာနက သတိေပးထားသည္။
ေဖေဖာ္ဝါရီလ ၁ ရက္မွ ၃ ရက္အတြင္း အေအးဒဏ္အျပင္းထန္ဆုံးျဖစ္ႏိုင္ၿပီး လွ်ပ္စစ္ႏွင့္အပူေပးစနစ္မ်ား ျပတ္ေတာက္ေနမႈေၾကာင့္ ျပည္သူသန္းေပါင္းမ်ားစြာမွာ ဒုကၡေရာက္ေနေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ယူကရိန်း၌ အအေးဒဏ်ကို ပြင်းထန်စွာခံစားနေရချိန် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်
===================
ဖေဖော်ဝါရီ ၃
ယူကရိန်းနိုင်ငံ၌ အအေးဒဏ်ကို ပြင်းထန်စွာခံစားနေရချိန်နှင့် စွမ်းအင်အခက်အခဲများကြုံတွေ့နေစဉ် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်များကို ဖေဖော်ဝါရီလ ၄ ရက် နှင့် ၅ ရက်တို့တွင် အဘူဒါဘီမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီ က ဖေဖော်ဝါရီလ ၁ ရက် တွင်ပြောသည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အဆိုပါသုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် စစ်ပွဲကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့သည် အနှစ်သာရရှိသော ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဟု ဇာလန်းစကီးက လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုထားသည်။
ဇန်နဝါရီလအတွင်း အဘူဒါဘီမြို့၌ ပထမအကျော့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နယ်မြေပိုင်းခြားရေး ဆိုင်ရာကိစ္စရပ်များတွင် သဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း ယူကရိန်းနိုင်ငံတစ်ဝန်း၌ အပူချိန်မှာ အနုတ် ၃ဝ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်အတွင်း အအေးဒဏ်အပြင်းထန်ဆုံးဖြစ်နိုင်ပြီး လျှပ်စစ်နှင့်အပူပေးစနစ်များ ပြတ်တောက်နေမှုကြောင့် ပြည်သူသန်းပေါင်းများစွာမှာ ဒုက္ခရောက်နေကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။



