ထရမ့္က ဗဟိုဘဏ္ဥကၠ႒အသစ္ေ႐ြးခ်ယ္ၿပီးေနာက္ ေ႐ႊႏွင့္ေငြေဈးႏႈန္းမ်ား ထိုးဆင္း

ထရမ့္က ဗဟိုဘဏ္ဥကၠ႒အသစ္ေ႐ြးခ်ယ္ၿပီးေနာက္ ေ႐ႊႏွင့္ေငြေဈးႏႈန္းမ်ား ထိုးဆင္း
====================
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အေမရိကန္ဗဟိုဘဏ္ ဥကၠ႒အသစ္အျဖစ္ ကီဗင္ဝါ့ကို အဆိုျပဳေ႐ြးခ်ယ္လိုက္ၿပီးေနာက္ ကမာၻ႔ေ႐ႊႏွင့္ေငြေဈးႏႈန္းမ်ား သိသိသာသာ ထိုးဆင္းသြားေၾကာင္းသိရသည္။ ဗဟိုဘဏ္အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ ကီဗင္ဝါ့ကို လက္ရွိဥကၠ႒ ဂ်႐ုမ္းပါဝဲ၏ေနရာ၌ အစားထိုးရန္ ဇန္နဝါရီလ ၃၀ ရက္တြင္ အတည္ျပဳေၾကညာျခင္းျဖစ္သည္။

ယခုကဲ့သို႔ေ႐ြးခ်ယ္မႈေၾကာင့္ အေမရိကန္ေဒၚလာတန္ဖိုး ျပန္လည္ျမင့္တက္လာၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေ႐ႊ၊ ေငြ စသည့္ အဖိုးတန္သတၱဳမ်ားကို အျမတ္ထုတ္ေရာင္းခ်လာျခင္း ျဖစ္သည္။ ေဈးကြက္အတြင္းေ႐ႊေဈးႏႈန္းသည္ ဇန္နဝါရီလ ၃၀ ရက္တြင္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၅၀၀၀ ေအာက္သို႔ ျပန္လည္က်ဆင္းသြားၿပီး တစ္ရက္အတြင္း ၁၂ ရာခိုင္ႏႈန္းခန႔္အထိ အျမင့္

ဆုံးက်ဆင္းမႈျဖစ္ေပၚခဲ့သည္။

ထို႔အတူ ေငြေဈးႏႈန္းသည္လည္း တစ္ရက္အတြင္း ၃၀ ရာခိုင္ႏႈန္းခန႔္အထိ ထိုးဆင္းသြားၿပီး ၁၉၈၀ ျပည့္ႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံး က်ဆင္းမႈအျဖစ္ မွတ္တမ္းဝင္သြားသည္။ ထရမ့္က ကီဗင္ဝါ့ကို ဗဟိုဘဏ္ဥကၠ႒အျဖစ္ ခန႔္အပ္ျခင္းေၾကာင့္ဗဟိုဘဏ္၏ လြတ္လပ္ေသာမူဝါဒမ်ားအေပၚ စိုးရိမ္မႈမ်ား ေလ်ာ့က်သြားေစကာ ေဒၚလာတန္ဖိုးကို ပိုမိုခိုင္မာေစခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Ref: RT


ထရမ့်က ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်ရွေးချယ်ပြီးနောက် ရွှေနှင့်ငွေဈေးနှုန်းများ ထိုးဆင်း
====================
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်အဖြစ် ကီဗင်ဝါ့ကို အဆိုပြုရွေးချယ်လိုက်ပြီးနောက် ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားကြောင်းသိရသည်။ ဗဟိုဘဏ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကီဗင်ဝါ့ကို လက်ရှိဥက္ကဋ္ဌ ဂျရုမ်းပါဝဲ၏နေရာ၌ အစားထိုးရန် ဇန်နဝါရီလ ၃၀ ရက်တွင် အတည်ပြုကြေညာခြင်းဖြစ်သည်။

ယခုကဲ့သို့ရွေးချယ်မှုကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံသူများက ရွှေ၊ ငွေ စသည့် အဖိုးတန်သတ္တုများကို အမြတ်ထုတ်ရောင်းချလာခြင်း ဖြစ်သည်။ ဈေးကွက်အတွင်းရွှေဈေးနှုန်းသည် ဇန်နဝါရီလ ၃၀ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းသွားပြီး တစ်ရက်အတွင်း ၁၂ ရာခိုင်နှုန်းခန့်အထိ အမြင့်

ဆုံးကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ငွေဈေးနှုန်းသည်လည်း တစ်ရက်အတွင်း ၃၀ ရာခိုင်နှုန်းခန့်အထိ ထိုးဆင်းသွားပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုအဖြစ် မှတ်တမ်းဝင်သွားသည်။ ထရမ့်က ကီဗင်ဝါ့ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းကြောင့်ဗဟိုဘဏ်၏ လွတ်လပ်သောမူဝါဒများအပေါ် စိုးရိမ်မှုများ လျော့ကျသွားစေကာ ဒေါ်လာတန်ဖိုးကို ပိုမိုခိုင်မာစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: RT