ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ေ႐ႊဗဟိုရ္ေက်း႐ြာတံတား တည္ေဆာက္ၿပီးစီးမႈအား သြားေရာက္ၾကည့္ရႈ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ေ႐ႊဗဟိုရ္ေက်း႐ြာတံတား တည္ေဆာက္ၿပီးစီးမႈအား သြားေရာက္ၾကည့္ရႈ
==========================
ဇန္နဝါရီ ၂၉၊ ေဇယ်ာသီရိ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ရီသည္ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္ ဦးဖိုးသိန္း၊ ေဇယ်ာသီရိၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္အတူ ၂၈-၁-၂၀၂၆ ရက္ေန႔ ညေနပိုင္းတြင္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေ႐ႊဗဟိုရ္ေက်း႐ြာ ဆင္ေသေခ်ာင္းလူကူးတံတား ျပဳျပင္တည္ေဆာက္ၿပီးစီးမႈအား တာဝန္ရွိသူမ်ား၊ ေကာ္မတီအဖြဲ႕ဝင္မ်ားႏွင့္ လိုအပ္သည္မ်ားကို ေဆြးေႏြးကာ ႐ြာသူ႐ြာသားမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္ခဲ့ပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ (ပထမပိုင္း)၌ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး မဲဆႏၵရွင္ျပည္သူမ်ား ေ႐ြးခ်ယ္ေသာ ခိုင္လုံမဲ ၄၉,၀၀၆ မဲ၊ ခိုင္လုံမဲရာခိုင္ႏႈန္း ၇၁.၃၅% ျဖင့္ အႏိုင္ရရွိေသာ ကိုယ္စားလွယ္တစ္ဦးျဖစ္သည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ရွှေဗဟိုရ်ကျေးရွာတံတား တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု
==========================
ဇန်နဝါရီ ၂၉၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီသည် ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဖိုးသိန်း၊ ဇေယျာသီရိမြို့နယ် ပါတီတာဝန်ရှိသူများနှင့်အတူ ၂၈-၁-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဇေယျာသီရိမြို့နယ်၊ ရွှေဗဟိုရ်ကျေးရွာ ဆင်သေချောင်းလူကူးတံတား ပြုပြင်တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များနှင့် လိုအပ်သည်များကို ဆွေးနွေးကာ ရွာသူရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမပိုင်း)၌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်သော ခိုင်လုံမဲ ၄၉,၀၀၆ မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၇၁.၃၅% ဖြင့် အနိုင်ရရှိသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။




