ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ေရဆင္းေက်း႐ြာဓမၼာ႐ုံႏွင့္ ကန္သာေအးေက်း႐ြာ ဘက္စုံသုံးဓမၼာ႐ုံမ်ား တည္ေဆာက္မႈအား သြားေရာက္ ၾကည့္ရႈ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေဇယ်ာသီရိၿမိဳ႕နယ္ ေရဆင္းေက်း႐ြာဓမၼာ႐ုံႏွင့္ ကန္သာေအးေက်း႐ြာ ဘက္စုံသုံးဓမၼာ႐ုံမ်ား တည္ေဆာက္မႈအား သြားေရာက္ ၾကည့္ရႈ
==========================
ဇန္နဝါရီ ၂၉၊ ေဇယ်ာသီရိ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ရီသည္ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္ ဦးဖိုးသိန္း၊ ေဇယ်ာသီရိၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္အတူ ၂၈-၁-၂၀၂၆ ရက္ေန႔ ေန႔လည္ ၂ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေရဆင္းေက်း႐ြာ ဓမၼာ႐ုံ အသစ္ျပန္လည္တည္ေဆာက္ေနမႈအေျခအေနအား သြားေရာက္ၾကည့္ရႈၿပီး ဓမၼာ႐ုံတည္ေဆာက္ရာတြင္ တာဝန္ရွိသူမ်ား၊ ေကာ္မတီအဖြဲ႕ဝင္မ်ားႏွင့္ လိုအပ္သည္မ်ားအား ေဆြးေႏြးကာ ႐ြာသူ႐ြာသားမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္ခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီဥကၠ႒ႏွင့္ အဖြဲ႕သည္ ကန္သာေအးေက်း႐ြာသို႔ သြားေရာက္ကာ ဘက္စုံသုံးဓမၼာ႐ုံ တည္ေဆာက္ေနမႈအေျခအေနအား ၾကည့္ရႈၿပီး ေဒသလိုအပ္ခ်က္မ်ားအား တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီသည္ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးခဲ့ၾကေသာ ကန္သာေအးေက်း႐ြာမွ ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၍ ေက်းဇူးတင္စကားေျပာၾကားခဲ့ေၾကာင္း သတင္းရရွိပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ (ပထမပိုင္း)၌ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး မဲဆႏၵရွင္ျပည္သူမ်ား ေ႐ြးခ်ယ္ေသာ ခိုင္လုံမဲ ၄၉,၀၀၆ မဲ၊ ခိုင္လုံမဲရာခိုင္ႏႈန္း ၇၁.၃၅% ျဖင့္ အႏိုင္ရရွိေသာ ကိုယ္စားလွယ္တစ္ဦးျဖစ္သည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာဓမ္မာရုံနှင့် ကန်သာအေးကျေးရွာ ဘက်စုံသုံးဓမ္မာရုံများ တည်ဆောက်မှုအား သွားရောက် ကြည့်ရှု
==========================
ဇန်နဝါရီ ၂၉၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီသည် ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဖိုးသိန်း၊ ဇေယျာသီရိမြို့နယ် ပါတီတာဝန်ရှိသူများနှင့်အတူ ၂၈-၁-၂၀၂၆ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာ ဓမ္မာရုံ အသစ်ပြန်လည်တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုပြီး ဓမ္မာရုံတည်ဆောက်ရာတွင် တာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များနှင့် လိုအပ်သည်များအား ဆွေးနွေးကာ ရွာသူရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကန်သာအေးကျေးရွာသို့ သွားရောက်ကာ ဘက်စုံသုံးဓမ္မာရုံ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုပြီး ဒေသလိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသော ကန်သာအေးကျေးရွာမှ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမပိုင်း)၌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်သော ခိုင်လုံမဲ ၄၉,၀၀၆ မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၇၁.၃၅% ဖြင့် အနိုင်ရရှိသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။




