
===================


အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို အက်စတွန်ဗီလာအသင်း ခေါ်ယူ
===================
အက်စတွန်ဗီလာအသင်းဟာ ဘက်ဆစ်တက်အသင်းက အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင်(၁၈.၂၅)သန်းနဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လိဂ်ချန်ပီယံရှစ်မှာရှိစဉ် ၂၀၁၈-၁၉ ရာသီတုန်းက အေဘရာဟမ်ကို တစ်ရာသီအငှားခေါ်ယူခဲ့ဖူးတာကြောင့် အခု ဒုတိယအကြိမ် ထပ်မံလက်တွဲခြင်းဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းက အသက်(၂၈)နှစ်ရှိ အေဘရာဟမ်ကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။