သမၼတထရန႔္ စီးနင္းလာတဲ့ Air Force One စက္ခ်ိဳ႕ယြင္းလို႔ ေရးေပၚဆင္းသက္ခဲ့ရ

သမၼတထရန႔္ စီးနင္းလာတဲ့ Air Force One စက္ခ်ိဳ႕ယြင္းလို႔ ေရးေပၚဆင္းသက္ခဲ့ရ
==================
ဇန္နဝါရီ ၂၁
အေမရိကန္သမၼတ ေဒၚနယ္ထ႐ြမ့္ဟာ ဆြစ္ဇာလန္ကို Air Force One ေလယာဥ္နဲ႔ သြားေရာက္ေနစဥ္ စက္ခြၽတ္ယြင္းမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
Air Force One ဟာ ေလဆိပ္မွထြက္ခြာၿပီး တစ္နာရီခန႔္အၾကာမွာပဲ စက္ခြၽတ္ယြင္းမႈျဖစ္ပြားခဲ့တာေၾကာင့္ Joint Base Andrews ေလတပ္စခန္းကို ျပန္လည္ဆင္းသက္ခဲ့ရတယ္လို႔လည္း ႏိုင္ငံတကာသတင္းေတြကေျပာပါတယ္။
အဲ့ဒီေန႔ ဇန္နဝါရီ ၂၀ ရက္ ညပိုင္းမွာပဲ သမၼတေဒၚနယ္ထ႐ြန္႔ဟာ Air Force C-32 ေလယာဥ္နဲ႔ ခရီးစဥ္ကို ဆက္လက္ထြက္ခြာသြားတယ္လို႔ ႏိုင္ငံတကာသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
Air Force One အျဖစ္ အသုံးျပဳေနတဲ့ ေလယာဥ္ႏွစ္စင္းဟာ ႏွစ္ေပါင္းမ်ားစြာတာဝန္ထမ္းေဆာင္ခဲ့ၿပီးလို႔ အခုခ်ိန္မွာ သက္တမ္းရင့္ေနၿပီလို႔လည္း ဆိုပါတယ္။
၂၀၂၅ ခုႏွစ္က ကာတာႏိုင္ငံက သမၼတေလယာဥ္အုပ္စုထဲကိုထည့္ဖို႔ ဇိမ္ခံ Boeing 747-8 ေလယာဥ္တစ္စင္းကို Trump ကို ေပးအပ္ခဲ့ေပမယ့္ အျငင္းပြားမႈေတြ ေပၚေပါက္လာခဲ့ရသလို ျပင္းထန္တဲ့ စစ္ေဆးမႈေတြကို ခံခဲ့ရပါတယ္။
လက္ရွိမွာေတာ့ အေမရိကန္ရဲ႕ လုံၿခဳံေရးစံႏႈန္းေတြနဲ႔ ကိုက္ညီေအာင္ အဲဒီေလယာဥ္ကို ျပန္လည္တပ္ဆင္ေနတယ္လို႔ သိရပါတယ္။
သမ္မတထရန့် စီးနင်းလာတဲ့ Air Force One စက်ချို့ယွင်းလို့ ရေးပေါ်ဆင်းသက်ခဲ့ရ
==================
ဇန်နဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရွမ့်ဟာ ဆွစ်ဇာလန်ကို Air Force One လေယာဉ်နဲ့ သွားရောက်နေစဥ် စက်ချွတ်ယွင်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Air Force One ဟာ လေဆိပ်မှထွက်ခွာပြီး တစ်နာရီခန့်အကြာမှာပဲ စက်ချွတ်ယွင်းမှုဖြစ်ပွားခဲ့တာကြောင့် Joint Base Andrews လေတပ်စခန်းကို ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့လည်း နိုင်ငံတကာသတင်းတွေကပြောပါတယ်။
အဲ့ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ညပိုင်းမှာပဲ သမ္မတဒေါ်နယ်ထရွန့်ဟာ Air Force C-32 လေယာဉ်နဲ့ ခရီးစဉ်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
Air Force One အဖြစ် အသုံးပြုနေတဲ့ လေယာဉ်နှစ်စင်းဟာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီးလို့ အခုချိန်မှာ သက်တမ်းရင့်နေပြီလို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ်က ကာတာနိုင်ငံက သမ္မတလေယာဥ်အုပ်စုထဲကိုထည့်ဖို့ ဇိမ်ခံ Boeing 747-8 လေယာဉ်တစ်စင်းကို Trump ကို ပေးအပ်ခဲ့ပေမယ့် အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရသလို ပြင်းထန်တဲ့ စစ်ဆေးမှုတွေကို ခံခဲ့ရပါတယ်။
လက်ရှိမှာတော့ အမေရိကန်ရဲ့ လုံခြုံရေးစံနှုန်းတွေနဲ့ ကိုက်ညီအောင် အဲဒီလေယာဉ်ကို ပြန်လည်တပ်ဆင်နေတယ်လို့ သိရပါတယ်။




