ဘီဟာျပည္နယ္လႊတ္ေတာ္အမတ္ နီတင္နာဘင္းကို ပါတီဥကၠ႒သစ္အျဖစ္ ဘရာတီယာဂ်ေနတာပါတီ ေ႐ြးခ်ယ္

ဘီဟာျပည္နယ္လႊတ္ေတာ္အမတ္ နီတင္နာဘင္းကို ပါတီဥကၠ႒သစ္အျဖစ္ ဘရာတီယာဂ်ေနတာပါတီ ေ႐ြးခ်ယ္
====================
ဇန္နဝါရီ ၂၁

အိႏၵိယဝန္ႀကီးခ်ဳပ္နာရန္ဒရာမိုဒီ၏ ဘရာတီယာဂ်ေနတာပါတီ(ဘီေဂ်ပီ)သည္ အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဘီဟာျပည္နယ္မွ လႊတ္ေတာ္အမတ္တစ္ဦးကို ပါတီဥကၠ႒အျဖစ္ ဇန္နဝါရီလ ၂၀ ရက္တြင္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေၾကာင္း RT သတင္းဌာနက ေဖာ္ျပထားသည္။

အသက္ ၄၅ ႏွစ္ရွိ နီတင္နာဘင္းသည္ ဘရာတီယာဂ်ေနတာပါတီ အတြက္ အသက္အငယ္ဆုံးပါတီဥကၠ႒ ျဖစ္သည္။ ဘီဟာျပည္နယ္လႊတ္ေတာ္အမတ္ နီတင္နာဘင္းသည္ ဘရာတီ ယာဂ်ေနတာပါတီအႀကီးအကဲေနရာကို လက္ရွိပါတီဥကၠ႒ေဂ်ပီနာဒါးထံမွ လက္လႊဲရယူမည္ ျဖစ္သည္။

ဘရာတီယာဂ်ေနတာပါတီသည္ အဓိကျပည္နယ္ႀကီးမ်ား၌ ေ႐ြးေကာက္ပြဲမက်င္းပမီ ပါတီဥကၠ႒အသစ္ အျဖစ္ အေနာက္ဘင္ေဂါလ္ျပည္နယ္လႊတ္ေတာ္အမတ္ နီတင္နာဘင္းကို ပါတီဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

နီတင္နာဘင္းကို ဘရာတီယာဂ်ေနတာပါတီဥကၠ႒သစ္အျဖစ္ အိႏၵိယဝန္ႀကီးခ်ဳပ္နာရန္ဒရာမိုဒီႏွင့္အျခား ပါတီထိပ္တန္းေခါင္းေဆာင္မ်ားက အဆိုျပဳခဲ့ျခင္းျဖစ္သည္။

နီတင္နာဘင္းသည္ ဘရာတီယာဂ်ေနတာပါတီ၏ ၁၂ ဦး ေျမာက္ ပါတီဥကၠ႒ျဖစ္လာမည္ျဖစ္ေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရသိရသည္။


ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ဘရာတီယာဂျနေတာပါတီ ရွေးချယ်
====================
ဇန်နဝါရီ ၂၁

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဘရာတီယာဂျနေတာပါတီ(ဘီဂျေပီ)သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးကို ပါတီဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၀ ရက်တွင် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

အသက် ၄၅ နှစ်ရှိ နီတင်နာဘင်းသည် ဘရာတီယာဂျနေတာပါတီ အတွက် အသက်အငယ်ဆုံးပါတီဥက္ကဋ္ဌ ဖြစ်သည်။ ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းသည် ဘရာတီ ယာဂျနေတာပါတီအကြီးအကဲနေရာကို လက်ရှိပါတီဥက္ကဋ္ဌဂျေပီနာဒါးထံမှ လက်လွှဲရယူမည် ဖြစ်သည်။

ဘရာတီယာဂျနေတာပါတီသည် အဓိကပြည်နယ်ကြီးများ၌ ရွေးကောက်ပွဲမကျင်းပမီ ပါတီဥက္ကဋ္ဌအသစ် အဖြစ် အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နီတင်နာဘင်းကို ဘရာတီယာဂျနေတာပါတီဥက္ကဋ္ဌသစ်အဖြစ် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီနှင့်အခြား ပါတီထိပ်တန်းခေါင်းဆောင်များက အဆိုပြုခဲ့ခြင်းဖြစ်သည်။

နီတင်နာဘင်းသည် ဘရာတီယာဂျနေတာပါတီ၏ ၁၂ ဦး မြောက် ပါတီဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။