ျမန္မာ-႐ုရွား ဗီဇာကင္းလြတ္ခြင့္ (၂၇) ရက္ေန႔၌စတင္အက်ိဴးသက္ေရာက္

ျမန္မာ-႐ုရွား ဗီဇာကင္းလြတ္ခြင့္ (၂၇) ရက္ေန႔၌စတင္အက်ိဴးသက္ေရာက္
=========================
ဇန္ ၂၀
႐ုရွားအစိုးရႏွင့္ ျမန္မာအစိုးရတို႔အၾကား ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာလ ၂၈ ရက္ေန႔တြင္ မင့္စ္ၿမိဳ႕၌ လက္မွတ္ေရးထိုးခဲ့ေသာ ႏွစ္ႏိုင္ငံႏိုင္ငံသားမ်ားအတြက္ ဗီဇာလိုအပ္ခ်က္မ်ား အျပန္အလွန္ပယ္ဖ်က္ျခင္းဆိုင္ရာ သေဘာတူညီခ်က္သည္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ၂၇ ရက္ေန႔တြင္ စတင္၍ အက်ိဴးသက္ေရာက္ေတာ့မည္ျဖစ္သည္။
သေဘာတူညီခ်က္အရ ႐ုရွားႏိုင္ငံသားမ်ားသည္ အၿမဲတမ္းေနထိုင္ခြင့္၊ ပညာေရး သို႔မဟုတ္ အလုပ္လုပ္ကိုင္ခြင့္ဆိုင္ရာ အေၾကာင္းအရာမ်ားႏွင့္ မသက္ဆိုင္ပါက ျမန္မာႏိုင္ငံသို႔ တစ္ႀကိမ္လာေရာက္ျခင္းအတြက္ ဗီဇာမလိုဘဲ ရက္ ၃၀ ေနထိုင္ခြင့္ရွိမည္ျဖစ္သည္။
၎တို႔၏ စုစုေပါင္း ေနထိုင္ခ်ိန္သည္ ျပကၡဒိန္ႏွစ္တစ္ႏွစ္တြင္ ရက္ေပါင္း ၉၀ ထက္ မပိုရေပ။
ထို႔အတူ ႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္သည့္ ျမန္မာႏိုင္ငံသားမ်ားသည္လည္း အလားတူအခြင့္အေရးမ်ား ရရွိမည္ျဖစ္သည္။ #Popular
မြန်မာ-ရုရှား ဗီဇာကင်းလွတ်ခွင့် (၂၇) ရက်နေ့၌စတင်အကျိူးသက်ရောက်
=========================
ဇန် ၂၀
ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မင့်စ်မြို့၌ လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ သဘောတူညီချက်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၂၇ ရက်နေ့တွင် စတင်၍ အကျိူးသက်ရောက်တော့မည်ဖြစ်သည်။
သဘောတူညီချက်အရ ရုရှားနိုင်ငံသားများသည် အမြဲတမ်းနေထိုင်ခွင့်၊ ပညာရေး သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများနှင့် မသက်ဆိုင်ပါက မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခြင်းအတွက် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ရှိမည်ဖြစ်သည်။
၎င်းတို့၏ စုစုပေါင်း နေထိုင်ချိန်သည် ပြက္ခဒိန်နှစ်တစ်နှစ်တွင် ရက်ပေါင်း ၉၀ ထက် မပိုရပေ။
ထို့အတူ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများသည်လည်း အလားတူအခွင့်အရေးများ ရရှိမည်ဖြစ်သည်။ #Popular




