ေတာင္ကိုရီးယားက အဖ်က္စြမ္းအားျပင္း အျမင့္ပ်ံဒုံးက်ည္ကိုေရွ႕တန္းစခန္းမ်ား၌ စတင္ျဖန႔္ၾကက္

ေတာင္ကိုရီးယားက အဖ်က္စြမ္းအားျပင္း အျမင့္ပ်ံဒုံးက်ည္ကိုေရွ႕တန္းစခန္းမ်ား၌ စတင္ျဖန႔္ၾကက္
========================
ဇန္ ၁၉
ေတာင္ကိုရီးယားႏိုင္ငံက အဖ်က္စြမ္းအားျပင္း သမား႐ိုးက်အျမင့္ပ်ံဒုံးက်ည္ျဖစ္သည့္ Hyunmoo-5 ဒုံးက်ည္ကို ေရွ႕တန္းစခန္းမ်ား၌ စတင္ျဖန႔္ၾကက္လိုက္ၿပီျဖစ္ေၾကာင္း စစ္ဘက္တာဝန္ရွိသူမ်ားက ဇန္နဝါရီလ ၁၈ ရက္တြင္ေျပာသည္။ အဆိုပါဒုံးက်ည္ကို ၎သယ္ေဆာင္ႏိုင္သည့္ ထိပ္ဖူးအေပၚမူတည္၍ ဧရာမဒုံးက်ည္ဟုလည္းေခၚသည္။
အေလးခ်ိန္ရွစ္တန္အထိရွိသည့္ ထိပ္ဖူးကိုသယ္ေဆာင္ႏိုင္စြမ္းရွိေသာ ေျမျပင္မွေျမျပင္ပစ္ အဆိုပါဒုံးက်ည္သည္ ယမန္ႏွစ္ေႏွာင္းပိုင္းကတည္းက ေရွ႕တန္းစခန္းမ်ား၌ျဖန႔္ၾကက္ထားျခင္းျဖစ္ၿပီး၂၀၃၀ျပည့္ႏွစ္အေရာက္တြင္စစ္ဆင္ေရးအတြက္အျပည့္အဝျဖန႔္ၾကက္ႏိုင္မည္ျဖစ္ေၾကာင္းတာဝန္ရွိသူမ်ားကေျပာသည္။
Hyunmoo-5 ဒုံးက်ည္သည္ ေျမျပင္ေအာက္တြင္ရွိသည့္ ကြပ္ကဲမႈဘန္ကာမ်ားအပါအဝင္ ေျမေအာက္စခန္းမ်ားအားလုံးကို ပစ္မွတ္ထားတိုက္ခိုက္ႏိုင္စြမ္းရွိသည့္ဒုံးက်ည္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ႏွင့္ ၂၀၂၅ ခုႏွစ္တို႔တြင္က်င္းပသည့္ တပ္မေတာ္ေန႔အခမ္းအနားမ်ား၌ တရားဝင္ထုတ္ေဖာ္ျပသခဲ့ေသာဒုံးက်ည္ျဖစ္သည္။
အဆိုပါဒုံးက်ည္သည္ ေပါက္ကြဲအားအလြန္ျပင္းထန္သည့္ ထိပ္ဖူးကိုသယ္ႏိုင္စြမ္းရွိေၾကာင္း၊ သယ္ေဆာင္ႏိုင္သည့္ဝန္အားကိုေလွ်ာ့ခ်လိုက္ပါက မိုင္ေပါင္း ၁၈၆၄ မိုင္အထိေရာက္ရွိႏိုင္ေၾကာင္း၊ ထိုအကြာအေဝးသည္ တိုက္ခ်င္းပစ္ဒုံးက်ည္အမ်ိဳးအစားႏွင့္ပင္ႏႈိင္းယွဥ္ႏိုင္ေၾကာင္း၊ ယင္းအတြက္ေၾကာင့္ ထိုဒုံးက်ည္သည္ ေတာင္ကိုရီးယား၏ စြမ္းအားအျပင္းဆုံးဒုံးက်ည္ျဖစ္ေၾကာင္းသိရသည္။
Ref: SCMP
တောင်ကိုရီးယားက အဖျက်စွမ်းအားပြင်း အမြင့်ပျံဒုံးကျည်ကိုရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်
========================
ဇန် ၁၉
တောင်ကိုရီးယားနိုင်ငံက အဖျက်စွမ်းအားပြင်း သမားရိုးကျအမြင့်ပျံဒုံးကျည်ဖြစ်သည့် Hyunmoo-5 ဒုံးကျည်ကို ရှေ့တန်းစခန်းများ၌ စတင်ဖြန့်ကြက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ဇန်နဝါရီလ ၁၈ ရက်တွင်ပြောသည်။ အဆိုပါဒုံးကျည်ကို ၎င်းသယ်ဆောင်နိုင်သည့် ထိပ်ဖူးအပေါ်မူတည်၍ ဧရာမဒုံးကျည်ဟုလည်းခေါ်သည်။
အလေးချိန်ရှစ်တန်အထိရှိသည့် ထိပ်ဖူးကိုသယ်ဆောင်နိုင်စွမ်းရှိသော မြေပြင်မှမြေပြင်ပစ် အဆိုပါဒုံးကျည်သည် ယမန်နှစ်နှောင်းပိုင်းကတည်းက ရှေ့တန်းစခန်းများ၌ဖြန့်ကြက်ထားခြင်းဖြစ်ပြီး၂၀၃၀ပြည့်နှစ်အရောက်တွင်စစ်ဆင်ရေးအတွက်အပြည့်အဝဖြန့်ကြက်နိုင်မည်ဖြစ်ကြောင်းတာဝန်ရှိသူများကပြောသည်။
Hyunmoo-5 ဒုံးကျည်သည် မြေပြင်အောက်တွင်ရှိသည့် ကွပ်ကဲမှုဘန်ကာများအပါအဝင် မြေအောက်စခန်းများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည့်ဒုံးကျည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင်ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားများ၌ တရားဝင်ထုတ်ဖော်ပြသခဲ့သောဒုံးကျည်ဖြစ်သည်။
အဆိုပါဒုံးကျည်သည် ပေါက်ကွဲအားအလွန်ပြင်းထန်သည့် ထိပ်ဖူးကိုသယ်နိုင်စွမ်းရှိကြောင်း၊ သယ်ဆောင်နိုင်သည့်ဝန်အားကိုလျှော့ချလိုက်ပါက မိုင်ပေါင်း ၁၈၆၄ မိုင်အထိရောက်ရှိနိုင်ကြောင်း၊ ထိုအကွာအဝေးသည် တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားနှင့်ပင်နှိုင်းယှဉ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ထိုဒုံးကျည်သည် တောင်ကိုရီးယား၏ စွမ်းအားအပြင်းဆုံးဒုံးကျည်ဖြစ်ကြောင်းသိရသည်။
Ref: SCMP




