၂၀၂၆ ASEAN Hyundai Cup အုပ္စုေရးဆြဲပြဲ အခမ္းအနားျပဳလုပ္


၂၀၂၆ ASEAN Hyundai Cup အုပ္စုေရးဆြဲပြဲ အခမ္းအနားျပဳလုပ္
==========================
ဇန္ ၁၆
၂၀၂၆ ASEAN Hyundai Cup အုပ္စုေရးဆြဲပြဲ အခမ္းအနားကို အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာၿမိဳမွာ မေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။
ျမန္မာအသင္းဟာ အုပ္စု B မွာ က်ေရာက္ခဲ့ၿပီး ထိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ လာအိုအသင္းေတြနဲ႔ ရင္ဆိုင္ကစားရပါလိမ့္မယ္။
အုပ္စု A မွာေတာ့ လက္ရွိခ်န္ပီယံ ဗီယက္နမ္၊ စင္ကာပူ၊ အင္ဒိုနီးရွား၊ ကေမာၻဒီးယား၊ ေျခစစ္ပြဲေအာင္အသင္းတို႔အတူက်ေရာက္ေနပါတယ္။
ေျခစစ္ပြဲအျဖစ္ ဇြန္လ ၂ ရက္နဲ႔ ၉ ရက္မွာ ဘ႐ူႏိုင္းနဲ႔ တီေမာအသင္းတို႔ ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ကစားမွာပါ။ ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲကိုေတာ့ ဇူလိုင္လ ၂၄ ရက္ကေန ၾသဂုတ္လ ၂၆ ရက္အထိ က်င္းပမွာျဖစ္ပါတယ္။
အုပ္စုအဆင့္မွာ ျမန္မာအသင္းဟာ အိမ္ကြင္းပြဲအျဖစ္ မေလးရွားနဲ႔ လာအို၊ အေဝးကြင္းပြဲအျဖစ္ ဖိလစ္ပိုင္၊ ထိုင္းအသင္းေတြနဲ႔ ကစားရပါလိမ့္မယ္။ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲကိုေတာ့ ယခင္ပုံစံအတိုင္း ႏွစ္ေက်ာ့ကစားမွာ ျဖစ္ပါတယ္။
Photos: ASEAN United FC
၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားပြုလုပ်
==========================
ဇန် ၁၆
၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြိုမှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု B မှာ ကျရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ရင်ဆိုင်ကစားရပါလိမ့်မယ်။
အုပ်စု A မှာတော့ လက်ရှိချန်ပီယံ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်းတို့အတူကျရောက်နေပါတယ်။
ခြေစစ်ပွဲအဖြစ် ဇွန်လ ၂ ရက်နဲ့ ၉ ရက်မှာ ဘရူနိုင်းနဲ့ တီမောအသင်းတို့ နှစ်ကျော့ယှဉ်ပြိုင်ကစားမှာပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၂၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ မြန်မာအသင်းဟာ အိမ်ကွင်းပွဲအဖြစ် မလေးရှားနဲ့ လာအို၊ အဝေးကွင်းပွဲအဖြစ် ဖိလစ်ပိုင်၊ ထိုင်းအသင်းတွေနဲ့ ကစားရပါလိမ့်မယ်။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ ယခင်ပုံစံအတိုင်း နှစ်ကျော့ကစားမှာ ဖြစ်ပါတယ်။
Photos: ASEAN United FC




