ဝမ္းတြင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၅) မိုင္ခန႔္အကြာကို ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၅ ဒသမ ၁ အဆင့္ရွိ ေနာက္ဆက္တြဲငလ်င္လႈပ္

ဝမ္းတြင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၅) မိုင္ခန႔္အကြာကို ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၅ ဒသမ ၁ အဆင့္ရွိ ေနာက္ဆက္တြဲငလ်င္လႈပ္
=====================
မႏၲေလးတိုင္း ဝမ္းတြင္းၿမိဳ႕အနီးဗဟိုျပဳ၍ ဇန္နဝါရီ ၁၅ ရက္ ညပိုင္းက လႈပ္ခတ္ခဲ့သည့္ငလ်င္အား ေဒသအခ်ိဳ႕၌ သိသိသာသာခံစားခဲ့ရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ငလ်င္သည္ ဝမ္းတြင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၅) မိုင္ခန႔္အကြာ အနက္ (၃၄) ကီလိုမီတာကိုဗဟိုျပဳ၍ ယေန႔ည ၆ နာရီ ၄၂ မိနစ္ ၂၀ စကၠန္႔က အင္အားရစ္(ခ္)တာစေကး ၅ ဒသမ ၁ အဆင့္ျဖင့္လႈပ္ခတ္ျခင္းျဖစ္ေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။

” ေနျပည္ေတာ္မွာလႈပ္တာေတာ့ ခါထြက္သြားတာပဲ။ ေတာ္ေတာ္ကို သိသိသာသာ ျဖစ္သြားတာ”ဟု ေဒသခံတစ္ဦးကေျပာသည္။

အဆိုပါ ငလ်င္အား ေပ်ာ္ဘြယ္၊ သာစည္၊ရမည္းသင္း၊ မႏၲေလး၊ေနျပည္ေတာ္၊ျပင္ဦးလြင္ စသည့္ ေဒသမ်ားတြင္ သိသာစြာခံစားခဲ့ရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။


ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲငလျင်လှုပ်
=====================
မန္တလေးတိုင်း ဝမ်းတွင်းမြို့အနီးဗဟိုပြု၍ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်အား ဒေသအချို့၌ သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ငလျင်သည် ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ အနက် (၃၄) ကီလိုမီတာကိုဗဟိုပြု၍ ယနေ့ည ၆ နာရီ ၄၂ မိနစ် ၂၀ စက္ကန့်က အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ဖြင့်လှုပ်ခတ်ခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

” နေပြည်တော်မှာလှုပ်တာတော့ ခါထွက်သွားတာပဲ။ တော်တော်ကို သိသိသာသာ ဖြစ်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ငလျင်အား ပျော်ဘွယ်၊ သာစည်၊ရမည်းသင်း၊ မန္တလေး၊နေပြည်တော်၊ပြင်ဦးလွင် စသည့် ဒေသများတွင် သိသာစွာခံစားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။