၂၀၂၅ ခုႏွစ္ရဲ႕ အေကာင္းဆုံးျပင္သစ္နည္းျပအျဖစ္ လိုင္လီနည္းျပ ယန္ေနစီယို ေ႐ြးခ်ယ္

၂၀၂၅ ခုႏွစ္ရဲ႕ အေကာင္းဆုံးျပင္သစ္နည္းျပအျဖစ္ လိုင္လီနည္းျပ ယန္ေနစီယို ေ႐ြးခ်ယ္
===============
လိုင္လီအသင္းရဲ႕နည္းျပ ယန္ေနစီယိုဟာ ၂၀၂၅ ခုႏွစ္ရဲ႕ အေကာင္းဆုံးျပင္သစ္နည္းျပအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။
ဒီေ႐ြးခ်ယ္မႈကို နာမည္ေက်ာ္ ျပင္သစ္မဂၢဇင္း(France Football)က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ဆႏၵမဲရလဒ္အရ ယန္ေနစီယိုက အမွတ္အမ်ားဆုံးရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ယန္ေနစီယိုက (၅၃)မွတ္ရရွိခဲ့တာျဖစ္ၿပီး ဆန္းဒါးလန္းနည္းျပ လီဘရစ္က (၃၆)မွတ္နဲ႔ ဒုတိယအမ်ားဆုံးရရွိခဲ့ပါတယ္။
ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပ ေဒး႐ႊမ့္ကေတာ့ (၅)မွတ္သာရရွိတာေၾကာင့္ အဆင့္(၇)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
ယန္ေနစီယိုဟာ ၂၀၂၄ ေႏြရာသီမွာမွ လိုင္လီအသင္းကို စတင္ကိုင္တြယ္ခဲ့သူျဖစ္ၿပီး ၂၀၂၄-၂၅ ရာသီ ျပင္သစ္လိဂ္မွာ အဆင့္(၅)ေနရာရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ (၁၆)သင္းအဆင့္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။


၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်
===============
လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယိုဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဒီရွေးချယ်မှုကို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်း(France Football)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲရလဒ်အရ ယန်နေစီယိုက အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယန်နေစီယိုက (၅၃)မှတ်ရရှိခဲ့တာဖြစ်ပြီး ဆန်းဒါးလန်းနည်းပြ လီဘရစ်က (၃၆)မှတ်နဲ့ ဒုတိယအများဆုံးရရှိခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်ကတော့ (၅)မှတ်သာရရှိတာကြောင့် အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယန်နေစီယိုဟာ ၂၀၂၄ နွေရာသီမှာမှ လိုင်လီအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်မှာ အဆင့်(၅)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။