မႏၲေလးတြင္ အိမ္၇လုံးခန႔္မီးေလာင္

မႏၲေလးတြင္ အိမ္၇လုံးခန႔္မီးေလာင္
=================
(ျပည္တြင္း) ဇန္ ၁၅

မႏၲေလးတိုင္းေဒသႀကီး ၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ေအာင္နန္းရိပ္သာအေရွ႕ရပ္ကြက္၊၃၄×၃၅ လမ္းၾကား၊၈၂×၈၃ လမ္းၾကားရွိ ေနအိမ္တြင္ မေန႔ညက ၅နာရီ၂၅မိနစ္အခ်ိန္က ထမင္းေပါင္အိုးတည္ထားရာမွ အပူလြန္ကဲၿပီး ဝါယာေရွာ့ျဖစ္ရာမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္သည့္ေနရာသို႔ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွသြားေရာက္မီးျငႇိမ္းသတ္ခဲ့ရာ ညေန၅နာရီ၄၀မိနစ္အခ်ိန္တြင္ မီးထိန္းႏိူင္ခဲ့ၿပီး ညေန၆နာရီ အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္မီးစတင္ေလာင္ကြၽမ္းသည့္ ဦးလွသိန္း၏ေနအိမ္အပါဝင္ ေနအိမ္ ၇လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင့္၊ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မီးသတ္ဦးစီးဌာနမွ စိစစ္ေမးျမန္းခဲ့ရာ ဦးလွသိန္း၏ ေနအိမ္တြင္ ထမင္းေပါင္အိုးတည္ ထားရာမွ အပူလြန္ကဲၿပီး ဝါယာေရွာ့ျဖစ္ရာမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း၊ မီးေပါ့ဆစြာသုံးစြဲသူ ဦးလွသိန္းအား ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။


မန္တလေးတွင် အိမ်၇လုံးခန့်မီးလောင်
=================
(ပြည်တွင်း) ဇန် ၁၅

မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊၃၄×၃၅ လမ်းကြား၊၈၂×၈၃ လမ်းကြားရှိ နေအိမ်တွင် မနေ့ညက ၅နာရီ၂၅မိနစ်အချိန်က ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ၅နာရီ၄၀မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ညနေ၆နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့်မီးစတင်လောင်ကျွမ်းသည့် ဦးလှသိန်း၏နေအိမ်အပါဝင် နေအိမ် ၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင့်၊ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ စိစစ်မေးမြန်းခဲ့ရာ ဦးလှသိန်း၏ နေအိမ်တွင် ထမင်းပေါင်အိုးတည် ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှသိန်းအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။