
=======================


ရိုးရာဖိုက်တာ စိုးလင်းဦး ထိုင်းဖိုက်တာနှင့် ထိုးသတ်မည်
=======================
ONE ပွဲစဉ်များနှင့် ဝေးကွာနေသည့် ရိုးရာဖိုက်တာ စိုးလင်းဦးသည် ထိုင်းဖိုက်တာ Worapon နှင့် ONE Friday Fights 139 ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ကြောင်း တရားဝင်အသိ‌ပေးလာပြီဖြစ်ပါတယ်။
ပွဲစဉ်ကို ယခုလ ဇန်နဝါရီ (၂၃)ရက် ညနေ (၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ၎င်းတိုနှစ်ဦး ဘန်တန်ဝိတ်တန်း မွေထိုင်းနည်းစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါတယ်။
စိုးလင်းဦးသည် ONE ၌ ဘန်တန်ဝိတ်တန်း ကစားနေသူ တစ်ဦးဖြစ်ပြီး ဒေါ်လာတစ်သိန်းတန်စာချုပ်ရပြီးနောက်ပိုင်း (၃)ပွဲကစားရာမှာ နာဘီးလ်၊ ဆက်ဆန်၊ ကော့ဗ်ထန်းတိုကို ဆက်တိုက်ရှုးနိမ့်ထားပါတယ်။
စိုးလင်းဦးသည် ONE- 173 ပွဲစဉ်တွင် လီရန်ဟာရစ်ဆင်နှင့် ထိုးသ-တ်ရန် စီစဉ်ထားခဲ့သော်လည်း ပွဲပျက်သွားခဲ့ရကြောင်း သိရပါတယ်။