မန္ယူကစားသမား ဖာနန္ဒက္ကို ေဆာ္ဒီထိပ္တန္း အသင္းႀကီးမ်ားက ေခၚယူရန္စီစဥ္

မန္ယူကစားသမား ဖာနန္ဒက္ကို ေဆာ္ဒီထိပ္တန္း အသင္းႀကီးမ်ားက ေခၚယူရန္စီစဥ္
=============================
မန္ယူအသင္းႏွင့္ အနာဂတ္မေရမရာျဖစ္ေနသည့္ ကြင္းလယ္ကစားသမား ဖာနန္ဒက္အား ယခုေဘာလုံး ရာသီအကုန္တြင္ ေဆာ္ဒီထိပ္တန္းကလပ္ အသင္းမ်ားက ေခၚယူရန္စီစဥ္ေနေၾကာင္း သိရသည္။
ဖာနန္ဒက္သည္ ၂၀၁၉ ခုႏွစ္က စပို႔တင္းလစၥ ဘြန္းအသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေ႐ႊ႕ကစား ၿပီးေနာက္ အသင္းႏွင့္အတူ ေဘာလုံးရာသီတိုင္း တြင္ ေျခစြမ္းျပကစားႏိုင္ကာ လက္ရွိပရီးမီးယားလိဂ္ ၿပိဳင္ပြဲ၌ အေကာင္းဆုံးကြင္းလယ္ ကစားသမားမ်ားထဲတြင္ တစ္ဦးအပါအ၀င္ ရပ္တည္ေနသူျဖစ္သည္။
ဖာနန္ဒက္သည္ အသင္းႏွင့္အတူ ေဘာလုံးရာသီ တိုင္းတြင္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ေသာ္လည္း အသင္းအေနျဖင့္ ေအာင္ျမင္မႈမ်ားႏွင့္ေဝးကြာေနၿပီး ကြင္းတြင္း၊ ကြင္းျပင္ျပႆနာမ်ားလည္း ရွိေနသည့္ အတြက္ ဖာနန္ဒက္က အသင္းတြင္ မေပ်ာ္မ႐ႊင္ ျဖစ္ေနေသာေၾကာင့္ ယခုေဘာလုံးရာသီ အကုန္တြင္ အသင္းမွ ထြက္ခြာဖြယ္ရွိေနျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေႏြရာသီကစားသမားအေျပာင္းအေ႐ႊ႕ ကာလက မန္ယူအသင္းက ဖာနန္ဒက္အား သင့္ေတာ္ သည့္ကမ္းလွမ္းမႈရရွိပါက ေရာင္းခ်ရန္လက္ခံ ေဆြးေႏြးမည္ဟု ေျပာၾကားၿပီးေနာက္ ဖာနန္ဒက္ ကိုယ္တိုင္က အသင္းမွ အလိုမရွိပါက ထြက္ခြာမည္ဟု တုံ႔ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ေဘာလုံး ရာသီကတည္းက ဖာနန္ဒက္ ကို ေဆာ္ဒီထိပ္တန္းကလပ္ အယ္ဟီလယ္အသင္း က ျမင့္မားသည့္ေျပာင္းေ႐ႊ႕ေၾကးျဖစ္သည့္ စတာလင္ ေပါင္ သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း နည္းျပ ေဟာင္း အမိုရင္က ကန႔္ကြက္ခဲ့သည့္အတြက္ အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္ခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္လည္း အနာဂတ္မေရမရာျဖစ္ေန သည့္ ဖာနန္ဒက္ကို အယ္ဟီလယ္အသင္းအျပင္ အယ္နာဆာ အသင္းကလည္း အၿပိဳင္ေခၚယူရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။
မန်ယူကစားသမား ဖာနန်ဒက်ကို ဆော်ဒီထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်
=============================
မန်ယူအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်အား ယခုဘောလုံး ရာသီအကုန်တွင် ဆော်ဒီထိပ်တန်းကလပ် အသင်းများက ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
ဖာနန်ဒက်သည် ၂၀၁၉ ခုနှစ်က စပို့တင်းလစ္စ ဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်း တွင် ခြေစွမ်းပြကစားနိုင်ကာ လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အကောင်းဆုံးကွင်းလယ် ကစားသမားများထဲတွင် တစ်ဦးအပါအ၀င် ရပ်တည်နေသူဖြစ်သည်။
ဖာနန်ဒက်သည် အသင်းနှင့်အတူ ဘောလုံးရာသီ တိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း အသင်းအနေဖြင့် အောင်မြင်မှုများနှင့်ဝေးကွာနေပြီး ကွင်းတွင်း၊ ကွင်းပြင်ပြဿနာများလည်း ရှိနေသည့် အတွက် ဖာနန်ဒက်က အသင်းတွင် မပျော်မရွှင် ဖြစ်နေသောကြောင့် ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလက မန်ယူအသင်းက ဖာနန်ဒက်အား သင့်တော် သည့်ကမ်းလှမ်းမှုရရှိပါက ရောင်းချရန်လက်ခံ ဆွေးနွေးမည်ဟု ပြောကြားပြီးနောက် ဖာနန်ဒက် ကိုယ်တိုင်က အသင်းမှ အလိုမရှိပါက ထွက်ခွာမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဘောလုံး ရာသီကတည်းက ဖာနန်ဒက် ကို ဆော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အသင်း က မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြစ်သည့် စတာလင် ပေါင် သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း နည်းပြ ဟောင်း အမိုရင်က ကန့်ကွက်ခဲ့သည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း အနာဂတ်မရေမရာဖြစ်နေ သည့် ဖာနန်ဒက်ကို အယ်ဟီလယ်အသင်းအပြင် အယ်နာဆာ အသင်းကလည်း အပြိုင်ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။




