ဗင္နီဇြဲလား၌ ရင္းႏွီးျမႇဳပ္ႏွံရန္ ထရမ့္၏ တြန္းအားေပးမႈ ေရနံကုမၸဏီႀကီးမ်ား စိတ္ဝင္စားေန

ဗင္နီဇြဲလား၌ ရင္းႏွီးျမႇဳပ္ႏွံရန္ ထရမ့္၏ တြန္းအားေပးမႈ ေရနံကုမၸဏီႀကီးမ်ား စိတ္ဝင္စားေန
================================
ဗင္နီဇြဲလားႏိုင္ငံ၏ ေရနံက႑အတြင္း အေမရိကန္ေဒၚလာ ဘီလီယံ ၁၀၀ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ အေမရိကန္အစိုးရ၏ တြန္းအားေပးေနမႈကို ကမာၻ႔ေရနံကုမၸဏီႀကီးမ်ားက စိတ္ဝင္စားေနေၾကာင္း သိရသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားမွ ထြက္ရွိေသာ ေရနံစိမ္းမ်ားကို ခ်က္လုပ္ေရာင္းခ်ရန္ အသင့္ရွိေနေၾကာင္းႏွင့္ ျပည္တြင္းေရနံကုမၸဏီမ်ား အေနျဖင့္အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံရန္ လိုအပ္ေနေၾကာင္း တိုက္တြန္းထားသည္။ ယင္းသို႔ တြန္းအားေပးမႈႏွင့္အတူ Shell ႏွင့္ Chevron ကဲ့သို႔ေသာ ကုမၸဏီႀကီးမ်ားကလည္း ဗင္နီဇြဲလား၏ ေရနံလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတိုးျမႇင့္ၿပီး လုပ္ငန္းမ်ားျပန္လည္စတင္ရန္ အသင့္ရွိေနေၾကာင္းအသီးသီး ထုတ္ေဖာ္ေျပာဆိုထားသည္။

အေမရိကန္အထူးတပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးတြင္ ဗင္နီဇြဲလားသမၼတ နီကိုးလပ္မာဒူ႐ို အဖမ္းခံရၿပီးေနာက္ လက္ရွိတြင္ ႏိုင္ငံေရးအေျပာင္းအလဲမ်ား ျဖစ္ေပၚေနေသာ္လည္း အေမရိကန္ႏိုင္ငံ၏ စြမ္းအင္ဖူလုံေရးအတြက္ ဗင္နီဇြဲလားရွိ ေရနံလုပ္ငန္းမ်ားကို ဆက္လုပ္သြားမည္ဟု Chevron က အတည္ျပဳထားသည္။ ထိုအေျခအေနမ်ားအေပၚ ႐ုရွားႏိုင္ငံက ကန႔္ကြက္ထားေသာ္လည္း အေမရိကန္ကမူ ဗင္နီဇြဲလား၏ ေရနံက႑ကို အရွိန္အဟုန္ျမႇင့္တင္ရန္ ဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။


ဗင်နီဇွဲလား၌ ရင်းနှီးမြှုပ်နှံရန် ထရမ့်၏ တွန်းအားပေးမှု ရေနံကုမ္ပဏီကြီးများ စိတ်ဝင်စားနေ
================================
ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရ၏ တွန်းအားပေးနေမှုကို ကမ္ဘာ့ရေနံကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားမှ ထွက်ရှိသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချရန် အသင့်ရှိနေကြောင်းနှင့် ပြည်တွင်းရေနံကုမ္ပဏီများ အနေဖြင့်အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း တိုက်တွန်းထားသည်။ ယင်းသို့ တွန်းအားပေးမှုနှင့်အတူ Shell နှင့် Chevron ကဲ့သို့သော ကုမ္ပဏီကြီးများကလည်း ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြီး လုပ်ငန်းများပြန်လည်စတင်ရန် အသင့်ရှိနေကြောင်းအသီးသီး ထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန်အထူးတပ်ဖွဲ့များ၏ စစ်ဆင်ရေးတွင် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို အဖမ်းခံရပြီးနောက် လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေသော်လည်း အမေရိကန်နိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် ဗင်နီဇွဲလားရှိ ရေနံလုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု Chevron က အတည်ပြုထားသည်။ ထိုအခြေအနေများအပေါ် ရုရှားနိုင်ငံက ကန့်ကွက်ထားသော်လည်း အမေရိကန်ကမူ ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။