” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို႔ ျမန္မာႏိုင္ငံမွ ပါဝင္ျပသမည္

” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို႔ ျမန္မာႏိုင္ငံမွ ပါဝင္ျပသမည္
==========================
ထိုင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ ” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို႔ ျမန္မာႏိုင္ငံမွ ပါဝင္ျပသမည္ျဖစ္ေၾကာင္း ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ သိရသည္။
အဆိုပါ ျပပြဲကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာကုန္သြယ္မႈျမႇင့္တင္ေရးဦးစီးဌာန (DITP) မွႀကီးမႉး၍ Queen Sirikit National Convention Center (QSNCC) ၌ ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္မွ ၂၆ ရက္အထိ က်င္းပျပဳလုပ္မည္ျဖစ္သည္။
ျပပြဲတြင္ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအေနျဖင့္ DITP မွ ေထာက္ပံ့ေသာ ျပခန္း (၄) ခန္းႏွင့္ မိမိအစီအစဥ္ျဖင့္ ျပခန္း (၃) ခန္း ပါဝင္ျပသမည္ျဖစ္သည္။
အဆိုပါျပပြဲကို ႏွစ္စဥ္ ေဖေဖာ္ဝါရီလႏွင့္ စက္တင္ဘာလတို႔တြင္ ထိုင္းႏိုင္ငံ၌ က်င္းပလ်က္ရွိၿပီး ျမန္မာႏိုင္ငံမွ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာ၊ ပုလဲ စသည့္ ေက်ာက္မ်က္ ရတနာပစၥည္းမ်ား ပါဝင္ျပသေရာင္းခ်ျခင္းျဖင့္ ျမန္မာ့ေက်ာက္မ်က္ရတနာမ်ားကို ႏိုင္ငံတကာ ဝယ္ယူသူမ်ားထံ မိတ္ဆက္ျမႇင့္တင္ေပးလ်က္ရွိေၾကာင္း သိရသည္။ #Popular
” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
==========================
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှကြီးမှူး၍ Queen Sirikit National Convention Center (QSNCC) ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပြပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် DITP မှ ထောက်ပံ့သော ပြခန်း (၄) ခန်းနှင့် မိမိအစီအစဉ်ဖြင့် ပြခန်း (၃) ခန်း ပါဝင်ပြသမည်ဖြစ်သည်။
အဆိုပါပြပွဲကို နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလတို့တွင် ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့် ကျောက်မျက် ရတနာပစ္စည်းများ ပါဝင်ပြသရောင်းချခြင်းဖြင့် မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာ ဝယ်ယူသူများထံ မိတ်ဆက်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။ #Popular



