
=========================
ပြည်ပထွက်ခွါခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်
=========================
OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပိုသည့်စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို တင်ပြခြင်းမရှိဘဲ ပြည်ပသိုထွက်ခွာနေခြင်းအား စိစစ်တွေ့ရှိရသည်ဟု အသိပေးခဲ့သည်။
ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများ ပြည်ပပြန်လည်ထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို အနည်းဆုံး ရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်လျှောက်ထားရမည်ဆိုသော သတ်မှတ်ချက်အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။




