အာဖရိက၏အႀကီးဆုံးေလဆိပ္ျဖစ္လာမည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အီသီယိုးပီးယားစတင္

အာဖရိက၏အႀကီးဆုံးေလဆိပ္ျဖစ္လာမည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အီသီယိုးပီးယားစတင္
================
အာဖရိက၏အႀကီးဆုံးေလေၾကာင္းအခ်က္အခ်ာ ျဖစ္လာဖြယ္ရွိသည့္ ဘစ္ေရွာ့ဖူအျပည္ျပည္ဆိုင္ရာ ေလဆိပ္တည္ေဆာက္မႈအခမ္းအနားကို အီသီယိုးပီးယားဝန္ႀကီးခ်ဳပ္ အဘီအာမက္ က ဇန္နဝါရီလ ၁၀ ရက္ ဖြင့္လွစ္ေပးခဲ့သည္။

အီသီယိုးပီးယားႏိုင္ငံ၏က်ယ္ျပန႔္ေသာေလေၾကာင္းတိုးတက္မႈကို ဆက္လက္ထိန္းသိမ္းရန္ႏွင့္ အာဖရိက၏ ထိပ္တန္းေလေၾကာင္းပို႔ေဆာင္ေရး တံခါးေပါက္ျဖစ္လာေစေရး အစိတ္အပိုင္းတစ္ခုအျဖစ္ အဓိက ေလဆိပ္စီမံကိန္း ေဆာက္လုပ္ရျခင္းျဖစ္သည္ဟု အီသီယိုးပီးယားဝန္ႀကီးခ်ဳပ္က ဖြင့္ပြဲအခမ္းအနားတြင္ ေျပာသည္။

အဆိုပါေလဆိပ္ကို ေလးႏွစ္တာကာလအတြင္း ပထမအဆင့္ေဆာက္လုပ္ၿပီးစီးပါက တစ္ႏွစ္လွ်င္ ခရီးသည္ သန္း ၆၀ ကို အဆင္ေျပစြာ စီမံခန႔္ခြဲေပးႏိုင္မည္ျဖစ္ၿပီး လုံးဝၿပီးစီးသြားပါက ႏွစ္စဥ္ခရီးသည္ေပါင္း သန္း ၁၁၀ ကို ဝန္ေဆာင္မႈ ေပးႏိုင္မည္ျဖစ္သည္။

အဒစၥအဘာဘာဘိုးလ္ အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ ႏွစ္စဥ္ခရီးသည္ ၂၅ သန္း ကို ဝန္ေဆာင္မႈ ေပးႏိုင္ၿပီး မၾကာမီတိုးတက္မႈအရွိန္ျဖင့္ အျမင့္ဆုံးစြမ္းေဆာင္ရည္သို႔ ေရာက္ရွိေတာ့မည္ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။

ေလဆိပ္တည္ေဆာက္ေရးလုပ္ငန္း ပထမအဆင့္တြင္ အဓိကခရီးသည္ဝင္ေပါက္ႀကီး ႏွစ္ခုရွိမည္ျဖစ္ကာ ေလဆိပ္တြင္ ေလယာဥ္အစင္းေပါင္း ၁၈၀ ရပ္နားႏိုင္မည္ျဖစ္သည္။

ထို႔ျပင္ ဟိုတယ္တစ္ခုပါဝင္မည္ျဖစ္ကာ ကုန္စည္တန္ခ်ိန္ ၁ ဒသမ ၅ သန္းကို စီမံႏိုင္မည္ဟု အီသီယိုးပီးယားေလေၾကာင္းလိုင္းအုပ္စုမွ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ မက္စ္ဖင္တက္ေဆာက ေျပာသည္။

ေလဆိပ္ႀကီး ေဆာက္လုပ္ၿပီးစီးသြားပါက အီသီယိုးပီးယား ေလေၾကာင္းလိုင္း၏ တစ္ကမာၻလုံးဆိုင္ရာယွဥ္ၿပိဳင္မႈကို အားေကာင္းေစကာ ကုန္သြယ္ေရးႏွင့္ ခရီးသြားလာေရး စႀကႍကို က်ယ္ျပန႔္ေစမည္ျဖစ္သည္ဟု ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


အာဖရိက၏အကြီးဆုံးလေဆိပ်ဖြစ်လာမည့် ဆောက်လုပ်ရေးလုပ်ငန်းများ အီသီယိုးပီးယားစတင်
================
အာဖရိက၏အကြီးဆုံးလေကြောင်းအချက်အချာ ဖြစ်လာဖွယ်ရှိသည့် ဘစ်ရှော့ဖူအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်မှုအခမ်းအနားကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက် က ဇန်နဝါရီလ ၁၀ ရက် ဖွင့်လှစ်ပေးခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ၏ကျယ်ပြန့်သောလေကြောင်းတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် အာဖရိက၏ ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာစေရေး အစိတ်အပိုင်းတစ်ခုအဖြစ် အဓိက လေဆိပ်စီမံကိန်း ဆောက်လုပ်ရခြင်းဖြစ်သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

အဆိုပါလေဆိပ်ကို လေးနှစ်တာကာလအတွင်း ပထမအဆင့်ဆောက်လုပ်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ ကို အဆင်ပြေစွာ စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ပြီး လုံးဝပြီးစီးသွားပါက နှစ်စဉ်ခရီးသည်ပေါင်း သန်း ၁၁၀ ကို ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။

အဒစ္စအဘာဘာဘိုးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်စဉ်ခရီးသည် ၂၅ သန်း ကို ဝန်ဆောင်မှု ပေးနိုင်ပြီး မကြာမီတိုးတက်မှုအရှိန်ဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်သို့ ရောက်ရှိတော့မည်ဟု ဝန်ကြီးချုပ်ကပြောသည်။

လေဆိပ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်တွင် အဓိကခရီးသည်ဝင်ပေါက်ကြီး နှစ်ခုရှိမည်ဖြစ်ကာ လေဆိပ်တွင် လေယာဉ်အစင်းပေါင်း ၁၈၀ ရပ်နားနိုင်မည်ဖြစ်သည်။

ထို့ပြင် ဟိုတယ်တစ်ခုပါဝင်မည်ဖြစ်ကာ ကုန်စည်တန်ချိန် ၁ ဒသမ ၅ သန်းကို စီမံနိုင်မည်ဟု အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စုမှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မက်စ်ဖင်တက်ဆောက ပြောသည်။

လေဆိပ်ကြီး ဆောက်လုပ်ပြီးစီးသွားပါက အီသီယိုးပီးယား လေကြောင်းလိုင်း၏ တစ်ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှုကို အားကောင်းစေကာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး စင်္ကြံကို ကျယ်ပြန့်စေမည်ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။