ဆိုးၿမိဳ႕ရွိ ေက်ာင္းသား အားလုံးနီးပါး AI ကို အသုံးျပဳေန ၊ AI အေပၚ မွီခိုအားကိုးလာမည္ကို ဆရာမ်ား စိုးရိမ္

ဆိုးၿမိဳ႕ရွိ ေက်ာင္းသား အားလုံးနီးပါး AI ကို အသုံးျပဳေန ၊ AI အေပၚ မွီခိုအားကိုးလာမည္ကို ဆရာမ်ား စိုးရိမ္
==============================
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးၿမိဳ႕ရွိေက်ာင္းသားမ်ား အားလုံးနီးပါးသည္ AI ကိုအသုံးျပဳလာေနေၾကာင္း ဇန္နဝါရီလ ၁၁ ရက္တြင္ထုတ္ျပန္သည့္ စစ္တမ္းတစ္ခု၌ ေဖာ္ျပထားသည္။ အလယ္တန္းႏွင့္ အထက္တန္းေက်ာင္းသား ၉၅ ရာခိုင္ႏႈန္းခန႔္သည္ Gene-rative AI နည္းပညာကို အသုံးျပဳေၾကာင္း စစ္တမ္းအသစ္တြင္ ေဖာ္ျပထားသည္။ ဆိုးပညာေရး သုေတသနႏွင့္ သတင္းအခ်က္အလက္ဌာနက ျပဳလုပ္ေသာ အဆိုပါစစ္တမ္းတြင္ ေက်ာင္းသား ၂၆၀၀၀ ေက်ာ္ကို ေမးျမန္းခဲ့ရာ ၎တို႔သည္ ChatGPT ႏွင့္ Gemini ကဲ့သို႔ေသာ AI ကိရိယာမ်ားကို အသုံးမ်ားေနၾကျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရသည္။

သို႔ေသာ္ ဆရာ၊ ဆရာမ ၉၀ ရာခိုင္ႏႈန္းေက်ာ္က ေက်ာင္းသားမ်ားသည္ AI အေပၚ အလြန္အကြၽံ အားကိုးလာမည္ကို စိုးရိမ္ေနသည္။ ေက်ာင္းသားမ်ားသည္ သတင္းအခ်က္အလက္မ်ားကို ေဝဖန္ပိုင္းျခားႏိုင္စြမ္း ေလ်ာ့နည္းလာၿပီး သူတစ္ပါး၏ အႀကံဉာဏ္ကို ခိုးယူအသုံးျပဳသူမ်ားျဖစ္လာႏိုင္သည္ဟု ဆရာမ်ားက ေထာက္ျပသည္။

AI ကို အသုံးျပဳသည့္ ေက်ာင္းသားမ်ားအနက္ ၈၀ ရာခိုင္ႏႈန္းခန႔္သည္ ပညာေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အသုံးျပဳေနျခင္းျဖစ္သည္။ အထူးသျဖင့္ ကိုရီးယား ဘာသာစကားႏွင့္ အဂၤလိပ္စာကဲ့သို႔ေသာ ဘာသာရပ္မ်ားတြင္ ပိုမိုအသုံးမ်ားေၾကာင္း ေတြ႕ရွိရသည္။


ဆိုးမြို့ရှိ ကျောင်းသား အားလုံးနီးပါး AI ကို အသုံးပြုနေ ၊ AI အပေါ် မှီခိုအားကိုးလာမည်ကို ဆရာများ စိုးရိမ်
==============================
တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိကျောင်းသားများ အားလုံးနီးပါးသည် AI ကိုအသုံးပြုလာနေကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၉၅ ရာခိုင်နှုန်းခန့်သည် Gene-rative AI နည်းပညာကို အသုံးပြုကြောင်း စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ ဆိုးပညာရေး သုတေသနနှင့် သတင်းအချက်အလက်ဌာနက ပြုလုပ်သော အဆိုပါစစ်တမ်းတွင် ကျောင်းသား ၂၆၀၀၀ ကျော်ကို မေးမြန်းခဲ့ရာ ၎င်းတို့သည် ChatGPT နှင့် Gemini ကဲ့သို့သော AI ကိရိယာများကို အသုံးများနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

သို့သော် ဆရာ၊ ဆရာမ ၉၀ ရာခိုင်နှုန်းကျော်က ကျောင်းသားများသည် AI အပေါ် အလွန်အကျွံ အားကိုးလာမည်ကို စိုးရိမ်နေသည်။ ကျောင်းသားများသည် သတင်းအချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းလာပြီး သူတစ်ပါး၏ အကြံဉာဏ်ကို ခိုးယူအသုံးပြုသူများဖြစ်လာနိုင်သည်ဟု ဆရာများက ထောက်ပြသည်။

AI ကို အသုံးပြုသည့် ကျောင်းသားများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် ပညာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနေခြင်းဖြစ်သည်။ အထူးသဖြင့် ကိုရီးယား ဘာသာစကားနှင့် အင်္ဂလိပ်စာကဲ့သို့သော ဘာသာရပ်များတွင် ပိုမိုအသုံးများကြောင်း တွေ့ရှိရသည်။